နှစ်ခြိုက်စွာ အိပ်စက်ခြင်း(Deep sleep) = မိုက်တိုကွန်ဒရီးယား ပြန်လည်ပြုပြင်ခြင်း။
နှေးကွေးသောလှိုင်းအိပ်စက်ခြင်း (slow-wave sleep) အတွင်း-
– sympathetic tone လျော့ကျ ၊ဓာတ်တိုးဖိစီးမှု (oxidative stress) လျော့ကျ
– မယ်လတိုနင် (melatonin) တိုးပွား ၊ ဓာတ်တိုးဆန့်ကျင်အင်ဇိုင်းများ (antioxidant enzymes) ကို အသက်ဝင်စေ
– မိုက်တိုကွန်ဒရီးယား ဇီဝဖြစ်စဉ်နှင့် ကိုယ်တိုင်စားသုံးမှု (autophagy) တိုးပွား
– Glymphatic system က ဆဲလ်အညစ်အကြေးများကို ဖယ်ရှားပေး
ရလဒ်က?
-ပိုမိုကျန်းမာသော မိုက်တိုကွန်ဒရီးယား
-ATP ပိုမိုရရှိ
- ပိုမိုထက်မြက်သော ဦးနှောက်
-အိုမင်းရင့်ရော်မှုကို နှေးကွေးစေ
နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အနားယူခြင်းသက်သက်
မဟုတ်တော့ပါ။ဒါကြောင့် အအိပ်ဂရုစိုက်ပါ။