10 ပတ် - ဘာသာပြန်ပါ။

အချိန်၊နေရာနဲ့အထီးကျန်မှုတွေကြောင့်ပြောင်းလဲသွားတဲ့အချစ်
"Comrades: Almost a Love Story" ကို ကျွန်တော်မှတ်မှတ်ရရ 2024နှစ်လယ်‌‌လောက်က encoded နေရင်းနဲ့ကြည့်ဖြစ်သွားခဲ့တာ။အခုဒီစာဖတ်တဲ့သူတွေလည်း ကြည့်ဖူးပြီးကြမယ်ထင်တယ်။ ကျွန်တော်ကဇာတ်လမ်းရဲ့သမာရိုးကအတိုင်းမမြင်ဘဲ အခြားတဖက်ကနေမြင်ကြည့်ချင်တယ်။
ဇာတ်လမ်းထဲက မင်းသား လီရှောင်ကျွင်းဟာ သူ့ရဲ့အရင်ရည်းစား ရှောင်တင် (Xiao Ting) အပေါ် သစ္စာမရှိတာလား။ဒါမှမဟုတ်သစ္စာမရှိဘူးလို့‌ပြောလို့မရဘူးလား။ ဒီလိုဘဲ ကျွန်တော်တို့ဘဝတွေမှာလည်း ကိုယ်တိုင်လည်းဖြစ်နိုင်သလိုကိုယ်နဲ့ပတ်သတ်တဲ့သူ၊ကိုယ့်အသိမိတ်တွေရဲ့အဖြစ်တွေမှာလည်း ဒွိဟတဲ့အခြေနေမျိုးကြုံနိုင်ပါတယ်။
ပထမဆုံးအနေနဲ့၊ လီရှောင်ကျွင်းနဲ့ လီချောင်းတို့ရဲ့ ဆက်ဆံရေးဟာ အထီးကျန်မှု ကြောင့်စတင်ခဲ့တာတာပါ။ ဟောင်ကောင်မြို့ကြီးမှာ တစ်ယောက်တည်း ရောက်လာကြသူနှစ်ယောက်ဟာ ကိုယ်စီ ရည်မှန်းချက်တွေ၊ ရုန်းကန်မှုတွေနဲ့ ပြည့်နေတဲ့ဘဝမှာ တစ်ဦးနဲ့တစ်ဦး နှစ်သိမ့်မှုပေးရင်း နီးစပ်ခဲ့ကြတာတယ်။ ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလို့ ချက်ချင်းသတ်မှတ်ဖို့ ခက်ခဲပြီး၊ တစ်ခါတလေ ဘဝရဲ့ လိုအပ်ချက်ကြောင့် ပေါင်းစပ်မိတဲ့ ဆက်ဆံရေးမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့ကြားက ဆက်ဆံရေးဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုထက် စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုက ပိုများပါတယ်။ အထီးကျန်မှုတွေကိုအဖြေရှာဖို့အတွက်လည်းကြိုးစားခဲ့ကြတာဖြစ်နိုင်တယ်။
ဒုတိယအချက်ကတော့ လီရှောင်ကျွင်းရဲ့ ရည်မှန်းချက်နဲ့ သူ့ရဲ့ ရိုးသားတဲ့ စိတ်ဓာတ်ပါ။ သူဟာ ရှောင်တင်နဲ့ အတူရှိနေစဉ်မှာတောင် လီချောင်းအပေါ် ခံစားချက်တွေ ရှိနေခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူဟာ ရှောင်တင်ကို ပစ်ပယ်ပြီး လီချောင်းဆီကို ချက်ချင်း ပြောင်းမသွားခဲ့ပါဘူး။ ရှောင်တင်အပေါ် တာဝန်ယူချင်စိတ်၊ ကတိတည်ချင်စိတ်တွေ ရှိနေခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ လီချောင်းနဲ့ တွေ့ဆုံမှုတွေဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီး၊ အချစ်နဲ့ တာဝန်ကြားမှာ ရွေးချယ်ရခက်တဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ဒီနေရာမှာတော့ ကိုယ်တိုင်ဆုံးဖြတ်ချက်လို့ဘဲထင်မိတယ်။
တတိယအနေနဲ့၊ သူတို့ရဲ့ ဇာတ်လမ်းဟာ အချိန်နဲ့ နေရာတွေရဲ့ လွှမ်းမိုးမှုကို ပြသနေတာပါ။ အချစ်ဆိုတာ အချိန်ကြာလာတာနဲ့အမျှ၊ ပတ်ဝန်းကျင် အပြောင်းအလဲတွေနဲ့အတူ ပုံစံအမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ လီရှောင်ကျွင်းနဲ့ ရှောင်တင်တို့ရဲ့ ဆက်ဆံရေးဟာ အစကတည်းက တည်ငြိမ်ပြီး ရိုးသားခဲ့ပေမယ့် ဟောင်ကောင်ရဲ့ အပြောင်းအလဲမြန်တဲ့ ပတ်ဝန်းကျင်နဲ့ လီရှောင်ကျွင်းရဲ့ စိတ်ခံစားမှု အပြောင်းအလဲတွေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ရှောင်တင်ကို ချစ်ပေမယ့် လီချောင်းအပေါ်မှာလည်း ဖုံးကွယ်မရတဲ့ ခံစားချက်တွေ ရှိနေခဲ့တာကို ပြသနေတာပါ။ ဒါဟာ လူ့စိတ်ရဲ့ ရှုပ်ထွေးမှုကို ပြသနေတာပါ။ လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ လူနှစ်ယောက်အပေါ် ခံစားချက် ကွဲပြားစွာ ရှိနေနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ဖော်ညွှန်းနေပါတယ်။
ဒါကြောင့် လီရှောင်ကျွင်းကို သစ္စာမရှိဘူးလို့ တိုက်ရိုက် စွပ်စွဲမယ့်အစား၊ သူ့ရဲ့ လုပ်ရပ်တွေကို လူ့စိတ်ရဲ့ ရှုပ်ထွေးမှုနဲ့ ဘဝရဲ့ အပြောင်းအလဲတွေအောက်က အချစ်ရေး ဆုံးဖြတ်ချက်တွေအဖြစ် ရှုမြင်တာက ပိုသင့်တော်ပါလိမ့်မိတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိကြတယ်။သူဟာ ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်မဟုတ်သလို၊ မှားယွင်းမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ ဘဝရဲ့ ကန့်သတ်ချက်တွေနဲ့ စိတ်ခံစားမှုတွေကြားက ရုန်းကန်မှုကို မြင်နိုင်ပါတယ်။
အချစ်ဆိုတဲ့အရာကတကယ်ရှုပ်ထွေးပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းမသိဘူး။ဒါပေမဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတာတွေနဲ့ပြောရမယ်ဆိုရင် အချစ်ဟာအချိန်တွေနေရာတွေအပေါ်မူတည်ပြီးတကယ်ပြောင်းလဲတတ်ပါတယ်။အထီးကျန်မှုတွေကနေလည်းဖြစ်ပေါ်လာတတ်တဲ့ အချစ်တွေလည်းရှိသလို၊ဘဝအတွက်ပြောင်းလဲလိုက်ကြတဲ့မဆုံဖြစ်လိုက်ကြတဲ့အချစ်တွေလည်းရှိတယ်။အချစ်ကကျွန်တော်တို့မသိနိုင်တဲ့ပုံစံမျိုးစုံနဲ့ကမ္ဘာအရပ်ရပ် လူမျိုးစုံ အဆင့်အတန်းမျိုးစုံမှာရှိနေအုံးမှာပါ။ ပြောချင်တာတခုကတော့ ကိုယ်ချစ်တဲ့သူကိုဘယ်လိုအ‌ခြေ‌နေမျိုးမှာဘဲဖြစ်ဖြစ်ဘယ်တော့မှမျက်ရည်မကျစေပါနဲ့။

image