အင်ဒိုသရဲကားအသစ် မျှော်နေတဲ့
သူတွေအတွက် 🔥🔥
The Last 7 Days (2025)
IMDb Rating (5.4)
တာရီဟာ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပြီး ဟာနစ်ဖ်နဲ့ဘီယန်းဆိုတဲ့ သားနဲ့သမီးဖြစ်သူတိုနဲ့အတူနေထိုင်ပါတယ်။
သူ့မှာအလုပ်အကိုင်မယ်မယ်ရရမရှိလေလွင့်နေတဲ့ ကဒါးဆိုတဲ့မောင်တစ်ယောက်ရှိပြီး တစ်ရက်တော့ သူတိုရဲ့မွေးရပ်အိမ်ကြီးမှာ မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကြောင့် အိမ်ပြန်ဖိုဖြစ်လာပါတော့တယ်။
သူတိုရဲ့မိခင်ဖြစ်သူဟာ သူတိုမောင်နှမနှစ်ယောက်ကို ငယ်စဉ်ကတည်းက အိမ်ပေါ်ကနှင်ချခဲ့တဲ့အတွက် တာရီက မိခင်ကိုအမြင်မကြည်ပါဘူး။
ဒါပေမယ့်လည်း သူတိုပြန်ရောက်ပြီးမကြာခင်မှာပဲ သူတိုရဲ့မိခင်ဖြစ်သူဟာ ထူးဆန်းစွာသေဆုံးသွားခဲ့တဲ့အတွက် ရက်မလည်မချင်းနေရဖိုဖြစ်လာခဲ့သလို ၊ သူ့အမေသေဆုံးချိန်ကစလို တစ်ယောက်ချင်းစီဟာ ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အခြောက်အလှန့်တွေခံလာရပါတယ်။
အခြောက်အလှန့်တွေဟာ တစ်ရက်ထက်တစ်ရက်ပိုကြမ်းတမ်းလာခဲ့ပြီး သူတိုရဲ့မိခင်ဖြစ်သူတစ္ဆေကပါ သူတိုကိုကြုံတိုင်း ထွက်သွား လိုပြောနေတဲ့အတွက် အိမ်ကနေအမြန်ထွက်သွားဖိုကြိုးစားကြပေမယ့် အခြေအနေတွေက သူတိုထွက်သွားဖိုမဖြစ်နိုင်အောင် တွန်းပိုကြပါတော့တယ်။
ယုံကြည်မှုဓလေ့အတော်များများမှာရှိကြတဲ့ ခုနှစ်ရက်မပြည့်မချင်း သေသူရဲ့ဝိဉာဉ်ဟာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး အောက်လမ်းပညာနဲ့ပေါင်းစပ်ဇာတ်လမ်းဆင်ထားတဲ့ ဟော်ရာကားကောင်းတစ်ကားပါပဲ။
👇ချန်နယ်လေး အရင် Join ပေးပါ
✅ https://t.me/MoviesAndSeriesLovers1
{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}
✅ https://t.me/MoviesAndSeriesLovers1/158
