Loafer Game ထဲကို Nike ပါ Join လာပါပြီ 🥶
New Balance တို့ HOKA, Puma တို့လို Brand တွေ စတန့်ထွင်ပြီး ထုတ်ပြလာခဲ့တဲ့ Sneaker-Loafer Trend က 2025 မှာ အတော်လေး ရေပန်းစားလာတာနဲ့အမျှ Nike ကိုယ်တိုင်ပါ Sneaker Features တွေနဲ့ ဖွဲ့စည်းထားတဲ့ Loafer တစ်ရံကို လက်စွမ်းပြပြီး ထုတ်ပြလာပါတယ် 🖤
Black Leather ကိုသုံးပေးထားတဲ့ အပေါ်မှာ Metal Swoosh အသေးစားက ထင်းထွက်နေပြီး အောက်ဘက် Sole နေရာမှာ Nike ရဲ့ Hybrid Sneaker တွေရဲ့ အထင်ကရ Air Max Sunderland Sole တွေကို ခံပေးထားတာကို တွေ့ရမှာပါ။ Quality အရရော၊ Leather အနက်နဲ့ Design အရရော အတော်လေးတော့ သဘောကျစရာကောင်းပါတယ်။
လောလောဆယ်မှာ ဒီ Sneaker-Loafer ကို Nike ဘက်ကနေ Early Look တွေနဲ့ မိတ်ဆက်လာပြီး Release Date အတိအကျကိုတော့ မကြေညာသေးပါဘူး။
Clean & Cool 🔥🖤👇🏼
