10 w - Translate

Finnick (2022) 😍😘😘

IMDb - 5.8

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတိုတာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှဒါကိုမဆန့်ကျင်ကြသလို စိတ်ကူးထဲ‌တောင် မရှိကြဘူး။

ဒါပေမယ့်ဇာတ်လမ်းထုံးစံအတိုင်းစုန်းပြူးလေးတစ်ကောင်ကတော့မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ်ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ဆန့်ကျင်ဖက်ပဲ။ လူတွေကိုသူ့အိမ်မှာမနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။

အဲ့ဒါကြောင့်ဘက်ခ်မြိုမှာ ဖင်းနစ် နေတဲ့အိမ်ကိုသရဲအိမ်လိုခေါ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ်မြိုကိုရောက်လာကြတယ်။ သူတိုရဲ့သမီးလေးခရစ်စတင်းဟာစုံထောက်ပညာကိုစိတ်ဝင်စားသလို တကယ်လည်းဉာဏ်ထက်ပါတယ်။

ဒါရိုက်တာက ခရစ်စတင်းတိုမိသားစုကိုခဏတဖြုတ်နေဖို ဖင်းနစ်ရဲ့အိမ်လေးကိုငှားပေးလိုက်တယ်။ လူတွေလာနေတာမကြိုက်တဲ့ ဖင်းနစ်နဲ့ လက်တွေ့ကျကျဖြေရှင်းရမှကျေနပ်တဲ့ စုံထောက်လေးခရစ်စတင်းတို ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ...


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/136?single
https://t.me/smith224560/136?single

image