#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမ်အိုင် ၆ ထောက်လှမ်းရေးအဖွဲ့သမိုင်းတွင် ပထမဆုံး အမျိုးသမီးအကြီးအကဲခန့်အပ်
ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ အမ်အိုင် ၆ ၏ ၁၁၆ နှစ်ကြာ သမိုင်းတွင် ပထမဆုံးအမျိုးသမီးအကြီးအကဲအဖြစ် ဘလေ့မက်ထရူဝယ်လီ ကိုခန့်အပ်လိုက်ကြောင်း တာဝန်ရှိသူများက ဇွန် ၁၅ ရက်တွင် ပြောသည်။
၎င်းသည် ၁၉၉၉ ခုနှစ်တွင် ထောက်လှမ်းရေးအဖွဲ့ ကို ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်အမ်အိုင် ၆ ၏ ၁၈ ယောက်မြောက် အကြီးအကဲအဖြစ် ဆာရစ်ချက်မိုးထံမှ ယခုနှစ်နှောင်းပိုင်းတွင် ရာထူးတာဝန်များကို လွှဲပြောင်းရယူမည်ဖြစ်သည်။
ယင်းခန့်အပ်မှုမှာ သမိုင်းဝင်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီး ချုပ်ကီယာစတမ်မာက ပြောသည်။ အိုင်အမ် ၆ အဖွဲ့သည် အကြမ်းဖက်ဝါဒ၊ ရန်လိုသည့်နိုင်ငံများ၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်နှင့် ဆိုက်ဘာလုံခြုံရေးအပါအဝင် ဗြိတိန်လုံခြုံရေးအတွက် နိုင်ငံရပ်ခြားတွင် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းနေသည့်အဖွဲ့ဖြစ်သည်။
ကင်းဘရစ်တက္ကသိုလ်မှမနုဿဗေဒဖြင့် ဘွဲ့ရခဲ့သည့် အသက် (၄၇) နှစ်အရွယ် မစ္စမက်ထရီဝယ်လီသည်အမ်အိုင် ၆ ၏ ဌာနခွဲ အမ်အိုင် ၅ ပြည်တွင်း ထောက်လှမ်းရေးဌာနတွင် ညွှန်ကြားရေးမှူးအဆင့်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဘလေ့မက်ထရူဝယ်လီကို အမ်အိုင်၆ ရဲ့ ပထမဆုံးအမျိုးသမီး ခေါင်းဆောင်အဖြစ် ကြိုဆိုကြောင်း၊ အလွန်အောင်မြင်သည့် ထောက်လှမ်းရေးအရာရှိနှင့် ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်း အမ်အိုင်၆အကြီးအကဲရစ်ချက်မိုးက ပြောသည်။
လက်ရှိကမ္ဘာသည် စစ်အေးတိုက်ပွဲနောက်ပိုင်း မကြုံစဖူးပုံစံဖြင့် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရကြောင်း ဗြိတိန်အပါအဝင် အနောက် အုပ်စုထောက်လှမ်းရေးများက သတိပေးထားသည်။
ဘီဘီစီ
