တပင်လုံးနှင်းဆီပန်းတွေ
ဝေနေအောင်ပွင့်စေတဲ့
#နှင်းဆီစိုက်ပျိုးနည်း
🌿🌿🌿🌿🌿🌿🌿🌷🌹🌷🌹🌷🌹🌷🌹🌹🌹
နှင်းဆီပန်းချစ်သူတွေအတွက် သတင်းလေးတစ်ပုဒ်ဖော်ပြချင်ပါတယ်...။
ဒါကတော့ နှင်းဆီပင်စိုက်တဲ့အခါ အပင်ရှင်သန်ပြီး အပွင့်တွေ
လှပဝင့်ကြွားစွာပွင့်စေဖို့
နှင်းဆီပင်စိုက်ရာမှာ သိထားသင့်တဲ့
အချက်လေးတွေဖြစ်ပါတယ်….
အဲတာတွေကတော့…
“၁။ နှင်းဆီပင်လေးတွေက နေရောင်ကြိုက်ပါတယ်။
အရိပ်ထဲမှာ မစိုက်ပါနဲ့။
တစ်နေ့ကို အနည်းဆုံး (၆) နာရီလောက် နေရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။
၂။ နှင်းဆီပင်ကို ရေစိမ့်ဝင်မှုအားကောင်းပြီး မြေဆီဓာတ်ကြွယ်ဝတဲ့ မြေမှာ စိုက်ပါ။
၃။ ရေလောင်းတဲ့အခါမှာ အပင်ခြေက မြေကြီးကိုပဲ လောင်းပေးပါ။
နှင်းဆီအရွက်တွေကို ရေမစိုပါစေနဲ့။
နှင်းဆီအရွက်တွေပေါ်မှာ ရေတင်နေရင် ပိုးကျတာ၊ မှိုကျတာတွေ ဖြစ်တတ်ပါတယ်။
၄။ နှင်းဆီပန်းအိုးထဲက မြေကို ခြောက်သွေ့မနေပါစေနဲ့။
မြေကြီးကိုရေစိုစွတ်နေအောင်အမြဲထားပါ။
နှင်းဆီပန်းအိုးထဲမှာ ရေဝပ်မနေပါစေနဲ့။
၅။ မကြာခဏ ကိုင်းညှပ်ပေးပါ။
ဒါမှ ကိုင်းသစ်လေးတွေ ထွက်လာမှာပါ။
၆။ အရွက်တွေမှာ ပိုးကျနေပြီဆိုရင်
ပိုးကျနေတဲ့အပိုင်းကို ချက်ချင်းခြွေထုတ်ပါ၊
ညှပ်ထုတ်လိုက်ပါ။
၇။ နှင်းဆီတစ်ခါပွင့်ရင်
အပွင့်အားလုံးကို ခူးပြီး နောက်ဆုံးတစ်ပွင့်တည်းကိုပဲ မခူးဘဲ ချန်ထားပါ။
ဒါမှ နောက်ထပ်အပွင့်သစ်တွေ ထွက်လာမှာပါ။
၈။ လျှို့ဝှက်ချက်တစ်ခုက နှင်းဆီပင် အပင်သန်ပြီး အပွင့်ဝေစေချင်ရင် အသားစိမ်း၊ ငါးစိမ်းဆေးထားတဲ့ရေနဲ့ အပင်ခြေနားကိုလောင်းပေးပါ။”
နှင်းဆီချစ်တဲ့
ပျိုမေပရိသတ်ကြီးတို့လည်း နှင်းဆီပန်းတွေ ဝေဝေဆာဆာ
လှလှပပလိုချင်ရင်တော့ အထက်ပါနည်းလေးအတိုင်း စိုက်ကြည့်ကြပါနော်…
ပန်းပင်များနဲ့ပျော်ရွှင်ကြပါစေ🌷🌷🌷
