#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ဒေသခြောက်ခု၌ သေဆုံးသူ ၃၇၅၃ ဦးရှိလာ၊ ၅၃ ဦးပျောက်ဆုံးနေ
ငလျင်ဒဏ်သင့်တိုင်းနှင့်ပြည်နယ်ခြောက်ခု၌ သေဆုံးသူဦးရေ ၃၇၅၃ ဦးရှိပြီး ၅၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း ယနေ့(ဇွန် ၁၇ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင် ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်တို့တွင် လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ယမန်နေ့(ဇွန် ၁၆ ရက်)အထိ အဆိုပါတိုင်းနှင့် ပြည်နယ်များ၌ ငလျင်ကြောင့်သေဆုံးသူဦးရေ ၃၇၅၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့်ပျောက်ဆုံး သူ ၅၃ ဦးရှိကြောင်းသိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ငလျင်လှုပ်ခတ်ခဲ့ ပြီးနောက်အဆောက်အအုံများအတွင်း ပိတ်မိနေသူများကိုရှာဖွေကယ်ဆယ်ခဲ့ရာ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး ရုပ်အလောင်း ၈၃၃ ဦးကိုရှာဖွေပေးနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုနှစ်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပါအဝင်ဇွန်လ ၁၅ ရက်အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုအကြိမ်(၁၉၀) ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD
