10 ပတ် - ဘာသာပြန်ပါ။

Work Capacity အပိုင်းမှာ
Alpha Male တစ်ယောက်အတွက်
အဓိက ပြုလုပ်ရမယ့်အရာက Bag Work တွေပါပဲ။
ဟုတ်ပါတယ် Combative သမားတစ်ယောက်အတွက်
အကောင်းဆုံး Conditioning Exercise က
သဲအိပ်ထိုးခြင်းပါပဲ။
သဲအိပ်ထိုးခြင်းက ကိုယ်ခံပညာ အတွက်သာမက ၊
HIIT Explosive Training ပုံစံ ကစားနိုင်ပါတယ်။
ဥပမာ - 3 မိနစ် 3 ကျော့ကစားနိုင်ပြီး
ကြားထဲမှာနားချိန် 1 မိနစ်စီ အနားယူ နိုင်ပါတယ်။
ဒီနေရာမှာလည်း Professional Boxing Coach
အကူညီ ယူပြီး Drill တွေဖန်တီးလေ့ကျင့်နိုင်ပါတယ်။
ဒီနေရာမှာ တိုက်ခိုက်ရေးပညာနဲ့ပက်သက်ရင် Ambidextrous လို့ခေါ်တဲ့
ဘယ်ရောညာပါတိုက်ခိုက်နိုင်သူဖြစ်ရင်
ပိုကောင်းပါတယ်။
ဒါမှလည်း တိုက်ခိုက်ရေးပညာ မှာ
တစ်ခြားသူများထက်အားသာမှု ပိုရနိုင်ပါမယ်။
ဒီအတွက် Boxing Conditioning ကစားတဲ့နေရာမှာ Orthodox ရော Southpaw ရော ပါ
လေ့ကျင့်ပေးသင့်ပါတယ်။
ဒါကြောင့် ဒီလို ဘယ် ၊ညာ ညီမျှစွာ သန်မာစေဖို့
နေ့စဥ် Training မှာလုပ်တဲ့ လေ့ကျင့်ခန်းတွေမှာ
Unilateral ,Contralateral လှုပ်ရှားမှုတွေ ပါတဲ့
မညီညာတဲ့အလေးဝန် တွေ အသုံးပြုသင့်ပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့
Calisthenic Training တွေကြား မှာ
Lower body Plyometric လေ့ကျင့်ခန်းတွေထည့်သုံးပေးသင့်ပါတယ်။
အရိုးရှင်းဆုံးနှင့် အောက်ပိုင်း Explosive speed အတွက် အကောင်းဆုံးလေ့ကျင့်ခန်းက
short sprint ဖြစ်ပါတယ်။
ဒီလို ခေါက်တုန့်ခေါက်ပြန် short sprint ပြေးခြင်းကို Calisthenic Waokout တွေကြားမှာ ထည့်ပေးခြင်းက လုံးဝ အနားယူနေချိန်မှာ Active Rest ဖြစ်စေပါတယ်။
ဒါက Alpha Male Training တစ်ခုမှာ
Cardio Acceleration အနေဖြင့်မရှိမဖြစ်လိုအပ်မယ် ယူဆပါတယ်။
ဒီလိုမျိုး အကြော့တွေကြားမှာ တာတိုထည့်ပြေးခြင်းကြောင့် တစ်ကိုယ်လုံးသွေးလည်ပတ်မှု အုံကြွနေစေပြီး ၊ Heart rate ကို မြင့်မားတဲ့အခြေအနေမှာထိန်းနိုင်စေပြီ ကယ်လိုရီအပိုများစွာ
လောင်ကျွမ်းစေပါမယ်။