✨ မြန်မာ့ကျေးလတ်မြေဝိုင်း✨
MISS UNIVERSE MAGWAY NATIONAL COSTUME
Designer- Kyaw Swar(Designer Runway)
Photo- KO Ye Gyi (HL Studio )
Make up- Pyae Pyae
“အနိမ့်သဘင်” ဟုခေါ် သော “မြေဝိုင်းအက”သည် ကုန်းဘောင် ခေတ်တွင်ပင် ထင်ရှားကျော်ကြား လူကြိုက် များခဲ့သော အနုသုခုမသဘင်ပညာ တစ်ရပ်ဖြစ်သည်။မြေဝိုင်းသဘင်ကို လာရောက် ကြည့်ရှုကြသည့် ပရိသတ်သည် မြေပေါ် တွင် ဝိုင်းပြီးထိုင်၍ ကြည့်ရှုရသောကြောင့် “မြေဝိုင်းဇာတ်” ဟူ၍လည်းကောင်း၊ ကပြ သူတို့ အလယ်တွင် ပန်းပင်စိုက်၍ ဝိုင်းပတ် ကပြကြရသောကြောင့် “ပန်းပင်ဝိုင်း ဇာတ်” ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုအရ လူ ကိုယ်တိုင် သီဆိုကပြကြသော သဘင် သည်များကို ပရိသတ် သက်ကြီးဝါကြီး များက အောက်မှနေ၍ မကြည့်စေလို သောကြောင့် ဇာတ်စင်ပေါ်တွင် မကခဲ့ ကြခြင်းပင်ဖြစ်သည်။ ဇာတ်သဘင်များ၏ ရှေ့ပြေးဖြစ်သော မြေဝိုင်းအကသည် ကျေးလက်ဒေသများတွင် ပွင့်လင်းရာသီ ၌ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိကြသည့် အနု သုခုမသဘင်ပညာတစ်ရပ် ဖြစ်လာခဲ့ သည်။
မြန်မာ့သဘင်လောက၌ ယနေ့ တိုင်အောင် မရိုးနိုင်သော “ယိမ်းအက” မှာ ကုန်းဘောင်ခေတ်တွင် စတင်ခဲ့ သည်ဟု သိရသည်။ ယခုအခါ မြန်မာ့မြေဝိုင်းအကသည် မြန်မာလူမျိုးများအကြားမှေးမှိန်လျှက်ရှိပြီး မြန်မာ့အမွေအနှစ်ဖြစ်သည့် ရတနာပုံခေတ် “ကျေးလတ်မြေဝိုင်းအက”အား ပြန်လည်ဆန်းသစ်ခါ ဒီဇိုင်နာ ကျော်စွာ(Designer Runway)မှ Miss Universe Magway National Costume အဖြစ် ဂုဏ်ယူစွာဖြင့်ဖန်တီးပြသလိုက်ပါတယ်။
#missuniversemagway
#nationalcostume
#missuniversemyanmar2025
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse




