ထမင်းမြိန်စေတဲ့ ဂေါ်ဖီထုပ်ချက်
ဂေါ်ဖီထုပ်ချက်ရင် သေးသေး ပါးပါးလေးတွေလှီးတာထက်
ဂေါ်ဖီထုပ်အသေးလေးတွေကိုရွေးဝယ်ပြီး
ထက်ခြမ်းခြမ်း တခြမ်းကို ၅/၆ စိတ်လောက်
တအားသေးရင် ၃စိတ်လောက်ပဲစိတ်ပြီးချက်တာကို ပိုကြိုက်တယ်
ချက်နည်း
*********
ဂေါ်ဖီတခြမ်း ၅စိတ်စိတ်
ကြက်သွန်ဖြူ ငရုပ်သီးစိမ်းထောင်း
ကြက်သွန်နီ တဥ
ငပိအနည်းငယ်
မန်ကျညိးသီး ရေစိမ် အရည်စစ်ထည့်
ဆီ
နနွင်း
အရောင်တင်
ဆား
ရေထည့်ပြီး
အဖုံးအုပ် ပွက်အောင်တည်
ပွက်ရင် ပုဇွန်ထည့်မွှေ
(ပုဇွန်က တခါတည်းထည့်ချက်ရင် အရသာတွေ အကုန်ထွက်သွားလို့ ပွက်မှထည့်တာ)
အဖုံးအုပ်
၁၀/၁၅ မိနစ်လောက်ဆို
အရသာမြည်းပြီး
နံနံလေးအုပ်
မီးပိတ်
စားရန်အသင့်😋
ရှယ်ဂေါ်ဖီချက်ကို ငပုပ်ခြောက်(သူက ပင်တိုင်စံပဲ)နဲ့ မစားချင်လို့
လျှာဂျွမ်းပြန် ငပိထောင်းလေး
နဲ့စားလိုက်တယ်
မြိန်ပါ့🥹
