#နိုင်ငံတကာသတင်း
◼အစ္စ‌‌‌ရေးမြို့ကြီးများကို အီရန် ဒုံးကျည်များထိမှန်
အစ္စ‌‌ရေးနိုင်ငံ၏ မြို့တော်တဲလ်အဗစ် နှင့်‌မြောက်ပိုင်း ဟိုင်ဖာဆိပ်ကမ်းမြို့များတွင် ယမန်နေ့က အီရန်ဒုံးကျည်များထိမှန်ခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကာလူသေဆုံးမှုလည်းမြင့်တက်လာခဲ့သည်။
ယမန်နေ့ည တိုက်ခိုက်မှုများအတွင်း နိုင်ငံအလယ်ပိုင်း၌ သေဆုံးခဲ့သူ သုံးဦး အပါအဝင် လူ ငါးဦး သေဆုံးခဲ့ကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြကြသည်။
ယင်းအတွက်မဟာရန်သူ နှစ်နိုင်ငံကြားက ပဋိပက္ခသည် ကျယ်ပြန့်သောဒေသတွင်းပဋိပက္ခအဖြစ် ပြောင်းလဲသွားနိုင်သည်ဆိုသော စိုးရိမ်မှုများ ယခုသီ တင်းပတ် ဂျီ-၇ အစည်းအဝေးတက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များကြားတွင် ပျံ့နှံ့ခဲ့သည်။
လူပေါင်း ၃၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့သော ဟိုင်‌ဖာမြို့တွင်လည်း ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အရေးပေါ်ဌာန တာဝန်ရှိသူများက ပြောကြားပြီး ဆိပ်ကမ်းအနီးမှ ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်နေကြောင်း မီဒီယာများက သတင်းဖော်ပြကြသည်။
တိုက်ရိုက် ရိုက်ကူးထားသော ရုပ်သံပုံရိပ်များတွင် တဲလ်အဗစ်မြို့ပေါ်မှ ဒုံး ကျည်များ ပျံသန်းသွားသည်ကို မြင်တွေ့ရပြီး ပေါက်ကွဲသံများလည်း ကြားရသည်။
တဲလ်အဗစ်မြို့တွင် လူနေအဆောက်အဦးများ ထိမှန်ခဲ့ကြောင်း ရိုက်တာ ၏ မျက်မြင်သက်သေများက ပြောကြားကြပြီး ‌ဂျေရုဆလင်မြို့တွင်လည်း ပေါက် ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
၎င်းတို့၏ နောက်ဆုံးတိုက်ခိုက်မှု၌ အစ္စရေး၏ အဆင်ဆင့်ခံထားသော ကာကွယ်‌‌ရေး စနစ်များအား အချင်းချင်းပစ်မှတ်ထားလာစေသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ထုတ်ပြန်ပြောကြားသည်။
အမေရိကန်နှင့် အနောက်တိုင်းအင်အားများ၏ ကျယ်ပြန့်သောထောက်ခံမှု ခေ တ်အမီဆုံးနှင့် အသစ်လွင်ဆုံး ကာကွယ်ရေးနည်းပညာများကို ပိုင်ဆိုင်ထားလင့် ကစား ယခုစစ်ဆင်ရေးတွင်အသုံးပြုခဲ့သော နည်းလမ်းများနှင့် စွမ်းရည်များက သိမ်းပိုက်ထားသော နယ်မြေများရှိ ပစ်မှတ်များအား အောင်မြင်စွာ နှင့် အများဆုံး ထိမှန်မှုများ ရရှိခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ပြောကြားသည်။
တိုက်ခိုက်မှုများအတွင်း အနည်းဆုံး အစ္စရေးနိုင်ငံသား ၁၉ ဦး သေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။
အီရန်ဘက်တွင် သေဆုံးသူ ၂၂၄ ဦး အထိ ရှိပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားသည်။
ထိုအတောအတွင်းမှာပင် ဂျီ-၇ အဖွဲ့ ခေါင်းဆောင်များသည် ကနေဒါနိုင်ငံတွင် ရောက်ရှိနေကြပြီး အစ္စရေး-အီရန်ပဋိပက္ခအားထိပ်တန်းဦးစားပေး ဆွေးနွေးကြမည်ဟု မျှော်လင့်ထားကြသည်။
ထိပ်သီးဆွေးနွေးပွဲအတွက် ၎င်း၏ ဦးစားပေးကိစ္စများမှာ အီရန်အနေဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရေး (သို့မဟုတ်) မပိုင်ဆိုင်ရေး၊ အစ္စရေးက မိမိကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်ရှိရေး၊ ပဋိပက္ခအရှိန်မြင့်တက်မှုမရှိစေရေး နှင့် သံသမန်ရေးအတွက် နေရာ ဖန်တီးရေး တို့ဖြစ်ကြောင်း ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မားဇ် က ပြောကြားသည်။
အစ္စရေး နှင့် အီရန်ကြား သဘောတူညီချက် ရမည်ဟု မျှော်လင့်ကြောင်း နှင့် တစ်ခါတစ်ရံကျလျှင် ယင်းအတွက် မိမိတို့ တိုက်ပွဲဝင်ရကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ယမန်နေ့တွင် အစည်းအဝေးသို့ မသွားမီ သ တင်းထောက်များအား ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image