ဝမ်းကိုက်သမားများအတွက်
အစာလည်းဆေးဆေးလည်းအစာဖြစ်တဲ့ #ထားဝယ်မှိုင်း
ထားဝယ်မှိုင်း သည် ခါးသက်သော အရသာ ရှိ ၏ ။ ဝမ်းကိုက် ရောဂါ ကို နိုင်၏ ။
အသုံးပြုပုံ-
➡️ အစေ့
၁ ။ ၎င်းအစေ့ ၂-၃ စေ့ကို ကြိတ်၍ ပျားရည်နှင့် ရောပြီး စားသုံးပါက သန်ကောင်များ သေကြေ ကျဆင်း လာမည်။ ၂ ။ အလွန် ပြင်းထန်စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ အစေ့ကို ကြိတ်၍ စားခြင်းဖြင့် ပျောက်ကင်းစေ၏။
➡️အရွက်
၁ ။ ဝမ်းကိုက်သောအခါ (ချွဲသက်သက် ဖြစ်စေ ၊ သွေးစ သွေးန များဖြင့် ရောပြွမ်း ၍ ဖြစ်စေ) ၎င်း အရွက်ကို ရေနွေး ဖြော၍ သုပ်စားပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း၏ ။
၂ ။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ၎င်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။
