အသက်ကြီးလာရင် နေတတ်မှ..
မနေတတ်ရင်
ကိုယ်က အားလုံးရဲ့..
ရွံကြောက်ကြီးဖြစ်မယ်..
တချို့အရာတွေကို
မမေးရဘူး မသိချင်ရဘူး..
သူတို့မှာသူတို့ပြဿနာနဲ့သူတို့ရှိနေကြတယ်
ကိုယ်ပါဖို့လိုအပ်ရင်သူတို့ပြောလိမ့်မယ်
မပြောရင် ကိုယ့်ကိုမလိုအပ်လို့ ...
တချို့ကိစ္စတွေကို
မမေးဘဲနဲ့မပြောရဘူး
မတောင်းဘဲနဲ့ အကြံဉာဏ်တွေမပေးရဘူး
သင့်ခေတ်တုန်းကအတွေ့အကြုံတွေကို
သူတို့ခေတ်မှာ ကိစ္စတိုင်းမှာမလိုအပ်တော့ဘူး
အသုံးမဝင်တော့ဘူး တန်ဖိုးမထားတော့ဘူး
နေရာတကာမပါရဘူး
တချို့အရာတွေကို
မသိချင်ယောင်ဆောင်ပေးရတယ်
ငါက အ ဖေ ပဲ ငါက အ မေ ပဲ
ငါကဦးလေးပဲငါကအဒေါ်ပဲ
ငါကအဖိုးပဲ ငါကအဖွားပဲဆိုတဲ့
"အသက်အရွယ်ကြီးမှု"တစ်ခုတည်းနဲ့
နေရာတကာမှာ ဖျာဝင်ခင်းချင်နေလို့မရဘူး
လူအများစုနဲ့အဆင်ပြေအောင်နေရတယ်
စုဆောင်းထားတဲ့အထုပ်ရှိရင်
ဥစ္စာစည်းစိမ်ကြောင့် လူရိုသေနေလိမ့်မယ်
စုဆောင်းထားတဲ့အထုပ်မရှိရင်
တရားရှိအောင်နေရတယ်
ဒါမှလူလေးစားမယ်...
တချို့ကိစ္စတွေမှာ
အတွေးအခေါ်ဟောင်းတွေ
မလိုအပ်တော့ဘူးဆိုတာ သိရမယ်...
အတွေ့အကြုံကောင်းတွေက
ခေတ်မမီတော့ဘူးဆိုတာ သိရမယ်
အသက်ကြီးလို့လူကြီးဖြစ်လာတာဟာ
ငယ်သူတွေအားလုံးက
မဖြစ်မနေရိုသေနေရမယ်ဆိုတဲ့အတွေးကို
ဆင်ခြင်ပါ ။
ခေတ်ဟာ ပိုပြီးဆုတ်ယုတ်လာဖို့ပဲရှိတယ်
ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လာတာနဲ့အမျှ
လူတွေဟာပိုပြီးရိုင်းစိုင်းလာဖို့ပဲရှိတယ်..
ဒါ့ကြောင့် ..
နောက် ဆယ်နှစ်/ အနှစ်၂၀/၃၀ မှာ
အိုမင်းလာမယ့်သင့်အတွက်
နေရာတိုင်းမှာနေတတ်အောင်နေဖို့ပဲ
ကြိုးစားပါ ။
အခုကတည်းက အိုစာမင်းစာစုဆောင်းပါ
ကိုယ့်ဝန်ထုပ်ဟာ သူများအပေါ်မပိအောင်
ကျန်းမာရေးစတင်လိုက်စားပါ
မေတ္တာတရား(အမှန်တကယ်)
ကိန်းအောင်းအောင်
စိတ်ကိုလေ့ကျင့်ပါ..
မာန်တွေရှိရင် တဖြေးဖြေးနဲ့လျှော့ချပါ
သင့်ထက်ကြီးကျယ်ခမ်းနားခဲ့တဲ့လူတွေ
သင်္ချိုင်းရဲ့ကမ္ဗည်းမှာအများကြီးဖတ်လို့ရပါတယ်
" ဘယ်သူနဲ့မှ မနေဘူး ငါ့ရာထူး ငါ့စည်းစိမ်နဲ့
ငါ့ဖာသာငါတစ်ယောက်တည်းနေမယ်" ဆိုတာ
သင်မအိုသေးလို့ မနာသေးလို့ပြောတာပါ...
လူအိုရုံတို့ ဘိုးဘွားရိပ်သာတို့ကလူတွေလည်း
သန်တုန်းမြန်တုန်း ရှာနိုင်ဖွေနိုင်တုန်းငယ်စဉ်က
အဲ့ဒီလိုကြွေးကြော်ခဲ့ဖူးတယ်ဆိုတာ
သင်မမေ့ပါနဲ့
မေတ္တာဖြင့်သာ ရှင်သန်ပါ
သင့်နားမှာ လူတွေအမြဲတမ်းရှိနေမှာပါ။
