ပေါင်နောက်ကြွက်သားထိခိုက်ခြင်း
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ကဘာလဲ။
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် ပေါင်အနောက်ရှိ ကြွက်သားလေးခုပါဝင်သော ကြွက်သားအုပ်စုအားလျင်မြန်စွာကွေးခြင်း ပြင်းထန်စွာဆန့်ထုတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာပါသည်။ ပေါင်အနောက်ကြွက်သားများကိုဆန့်ထုတ်ခြင်းသည် ကြွက်သားနှင့် အရွတ် များကိုမတူညီသောအတိုင်းအတာများဖြင့် ပျက်စီးခြင်းကို ဖြစ်စေပါသည်။
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းတွင် ထိုကြွက်သားအုပ်စုအတွင်းမှ တစ်ခုနှင့် တစ်ခုအထက် သည် မနိုင်ဝန်ထမ်းရသည်။ ကြွက်သားသည် စတင်၍ စုတ်ပြဲလာပါသည်။ ပြေးခြင်းခုန်ခြင်း နှင့် ရုတ်တရက်ရပ်၍ပြန်စရသောလှုပ်ရှားမှုများလုပ်ရပါက ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကိုရနိုင်ပါသည်။
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အဖြစ်များပြီးမည်သည့် အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ အမျိုးသားများတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ အပြေးစကိတ်စီးဘောလုံးဘတ်စကတ်ဘောစသောကစားသမားများတွင် ဖြစ်ပွားပါသည်။
အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
လက္ခဏာများ
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းအပျော့စားများသည် အရမ်းမနာကျင်စေပါ။ သို့သော် ပြင်းထန်သောဒဏ်ဖြစ်ခြင်းကမူလမ်းမလျှောက်နိုင် မတ်တပ်မရပ်နိုင်အောင် အပြင်းအထန် နာကျင်စေပါသည်။
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်း ၏ အဖြစ်များသောရောဂါလက္ခဏာများမှာ
ဖျက်ကနဲဖောက်ကနဲစုတ်ဖြဲလိုက်သလိုခံစားမှုနှင့်အတူလေ့ကျင့်ခန်းလုပ်စဉ်တွင် ရုတ်တရက် ပြင်းထန်စွာနာကျင်ခြင်း
လမ်းလျှောက်နေစဉ် ခြေထောက်အားဆန့်တန်းစဉ် သို့မဟုတ် ကွေးစဉ် တွင် ပေါင်အနောက်ပိုင်းနှင့် တင်ပါးအောက်ပိုင်းတွင် နာကျင်ခြင်း
ထိသောအခါ နာကျင်ခြင်း
အညိုမည်းစွဲခြင်း
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားခြင်းကိုရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန်သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အကြောင်းရင်းများ
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ပေါင်အနောက်ကြွက်သားများသည် တင်ပါးဆုံမှ ဒူးအောက်အနားထိပေါင်အနောက် တစ်လျှောက် တန်းနေသော ကြွက်သားသုံးခုပါဝင်သောအုပ်စုတစ်ခု ဖြစ်သည်။ ဤ ကြွက်သားများသည် ခြေထောက်ကိုဖြောင့်တန်းစွာဆန့်ထုတ်ရန်နှင့် ဒူးကွေးရန် ပြုလုပ်ပေးပါသည်။
ဤ ကြွက်သားများထဲမှ တစ်ခုသည် ခန္ဓာကိုယ် လှုပ်ရှားမှုများပြုလုပ်နေစဉ် ကန့်သတ်မှု အားကျော်လွန်၍ ဆန့်မိသောအခါ ဒဏ်ရာရပါတော့သည်။
Risk factors
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အောက်ပါတို့ရှိပါကသင်သည် ပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းဖြစ်နိုင်ပါသည်။
အားကစားပွဲများတွင် ပါဝင်ခြင်း
အရင်ကပေါင်အနောက်ကြွက်သားများညဒဏ်ရာရမှု ရှိခဲ့ခြင်း
ကွေးဆန့်နိုင်မှု အားနည်းခြင်း
ကြွက်သားများညီမျှမှု မရှိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဤရောဂါရှိသည်ဟုဆရာဝန်ကသံသယရှိပါကရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း ပြုလုပ်ပါမည်။ဆရာဝန်သည် ခြေထောက်ဒဏ်ရာဘယ်လိုရရှိသည်ကိုတိကျသောမေးခွန်းများမေးပါလိမ့် မည်။ သွေးစစ်ခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းစသောစစ်ဆေးမှုများလည်း ပြုလုပ်နိုင်သည်။
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
မပြင်းထန်သောပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အလိုလို ပြန်လည် ကောင်းမွန်လာနိုင်သည်။ သင်သည် အချိန်ပေးရန်သာလိုအပ်ပါသည်။
ပြန်လည်ကောင်းမွန်ခြင်းကို မြန်ဆန်စေရန် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။
ခြေထောက်ကိုအနားပေးပါ။ တတ်နိုင်သလောက် ခြေထောက်ပေါ်သို့ ဝန်တင်ခြင်းကိုရှောင်ကြဉ်ပါ။ ပြင်းထန်စွာနာကျင်ပါကသက်သာသည်အထိချိုင်းထောက်ကိုအသုံးပြု နိုင်သည်။ လိုအပ်ပါကဆရာဝန်နှင့် ကုထုံးဆရာဝန်ကိုတိုင်ပင်ပါ။
နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကိုသက်သာစေရန် ခြေထောက်ကိုရေခဲကပ်ပါ။ သုံးနာရီ မှ လေးနာရီတိုင်း ၂၀-၃၀ မိနစ် ကြာအောင် ပြုလုပ်ပါ။ ၂-၃ ရက်ကြာသည်အထိသို့မဟုတ် နာကျင်ခြင်းသက်သာသည်အထိ ပြုလုပ်ပါ။
ခြေထောက်ကိုဖိနှိပ်ထားပါ။ အရောင် သက်သာရန် ခြေထောက်ပတ်လည်ကိုပတ်တီးစီးပါ။
ထိုင်နေသောအခါ သို့မဟုတ် လဲလျောင်းနေသောအခါ ခြေထောက်အောက်တွင် ခေါင်းအုံးခံ၍ မြှင့်တင်ပါ။
အရောင်ကျ အကိုက်အခဲပျောက်ဆေးများကိုသောက်ပါ။ ibuprofen (Advil, Motriin) သို့မဟုတ် naproxen (Aleve, Naprosyn) စသော non-steroidal anti inflammatory drugs (NSAIDs) များသည် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကိုနည်းပါးစေသည်။သို့သော် ထိုဆေးများသည် သွေးထွက်လွန်ခြင်း ပြည်တည်နာများပေါက်ခြင်းစသောဘေးထွက် ဆိုးကျိုးများရှိတတ်ပါသည်။ ဆရာဝန်ကအခြားမပြောပါကထိုဆေးများကိုအချိန်တိုအတွက်သာအသုံးပြုပါ။

