❛ မိုး ❜
ပြောပြီးသား စကားဟောင်းတွေပဲ
ထစ်ချုန်း ရွာချလာပြန်တယ်
လျှပ်ပန်းလျှပ်နွယ်တွေပမာ
ပါးစပ်ထဲ တရွရွ ကင်းခြေများတွေ
တစ်ယောက်ရဲ့ကိုယ်မှာ ပျားတွေစွဲလို့
စိတ်က တိမ်မည်းတွေကို ခုန်ခုန်ဆွတ်လို့
အသက်ရှင်သူတွေရဲ့ ချဉ်ခြင်း
ကျောက်ဆစ်ရုပ်တွေက ရယ်ပွဲဖွဲ့
ဘာပင်မှန်းမသိတဲ့ အပင်ပေါ်မှာ
အနက်ရောင်ထီးများ ငွားစွင့် ပွင့်အာလာပုံ
စိုစွတ်တဲ့ ငှက်မွေးဟာ လေးလံမှန်း
မိုးမိထားတဲ့ ငှက်တွေပဲ သိတယ် ။
• အောင်ခင်မြင့် •
