ရီးရဲလ်-ယူနိုက်တက်တို့ရဲ့ ၂၀၁၄ တုန်းက ရာသီကြိုခြေစမ်းပွဲကို မီချီဂန်မှာ ကစားခဲ့ပြီး ပရိသတ် ၁ သိန်းကျော် အားပေးခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်မှာ ကစားခဲ့တဲ့ ဘယ်ဘောလုံးပွဲတွေထက်မဆို ပရိသတ်အားပေးမှု အများဆုံးရခဲ့တဲ့ပွဲဖြစ်ခဲ့တာပါ။
အခုထိ အဲဒိပွဲက အားပေးမှုကို ဘယ်ပွဲမှာမှ ထပ်မတွေ့ရတော့ပါဘူး။ ကွင်းလုံးပြည့်လျှံနေအောင်ကို ပရိသတ်တွေ အားပေးခဲ့ပြီးတော့ ကွင်းအပေါ်စီးကနေ ရိုက်ကူးထားတဲ့ပုံကလည်း ကျော်ကြားခဲ့ပါတယ်။
လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဲလိုမျိုး ပရိသတ်အားပေးမှုများပြားတဲ့ ပွဲ ထွက်ပေါ်လာမလား ကြည့်ရပါမယ်။
