စပို့တင်းလစ္စဘွန်းက ရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေထွက်လာပါပြီ။ သူတို့ ကစားသမားဟောင်းအတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ရော်နယ်ဒိုတယောက် အသင်းဟောင်းကို ပြန်ရွေးချယ်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
အယ်လ်နာဆာနဲ့ စာချုပ်သစ်မချုပ်ရသေးဘဲ မကြာခင် စာချုပ်သက်တမ်းပြည့်တော့မယ့် ရော်နယ်ဒိုက သူ့အနာဂတ်ကို တိတိကျကျပြောတာမျိုး မရှိသေးဘူး။ နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီး သူ့အနာဂတ်က ဒီအတိုင်းပဲဆိုပြီး မယုတ်မလွန်သာ ပြောသွားခဲ့တာပါ။
စပို့တင်းမှာလည်း ပြန်ကစားချင်သေးတဲ့ ရော်နယ်ဒိုအတွက် မက်လုံးက ချန်ပီယံလိဂ်မှာ ပြန်ကစား၇မယ့် အခွင့်အရေးပါ။ သူ အသင်းဟောင်းဆီ ပြန်သွားမလား စိတ်ဝင်စားစရာပါပဲ။
