4 w - Translate

အပင် အားဆေးရည် ပြုလုပ်နည်း*🌱🥜🌽
🎄🎄🎄 တောင်သူ လယ်သမားများ ၊ အလှပန်းပင်စိုက်ပျိုးသူများ ၊ဥယျာဉ်ခြံ စိုက်ပျိုးသူ အားလုံး အသုံးပြုလို့ရတဲ့ အကုန်အကျ သက်သာပြီး လုပ်ဆောင်ရ လွယ်ကူတဲ့ အပင် အားဆေးရည် ပြုလုပ်နည်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
⛄ပါဝင်သော ပစ္စည်းများ⛄
၁/ ကြက်ဥ - ၃ လုံး
၂/ ဆန်ဆေးရည် - တစ်လီတာ
၃/ အချိုမူန့် - ၂ ဇွန်း (ထမင်းစားဇွန်း)
လွယ်ကူရိုးရှင်းတဲ့ ပြုလုပ်နည်းလေး မပြောခင်မှာ ပါဝင်ပစ္စည်း တစ်ခုချင်းစီရဲ့ အပင်အတွက် အသုံးဝင်ပုံလေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁/ ကြက်ဥမှာ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ကယ်လ်ဆီယမ် ၊ သံဓာတ် ၊ ဆိုဒီယမ် စသည့် အပင်များအတွက် လိုအပ်သော အာဟာဓာတ်များစွာ ပါရှိပါသည်။
၂/ ဆန်ဆေးရည်မှာ ကယ်လ်ဆီယမ် ၊ သံဓာတ် ၊ကာဗွန်ဟိုက်ဒြိတ် ၊ စီလီကာဓာတ် ၊ ကစီဓာတ် ၊ဗီတာမင်ဓာတ် စသည့် အပင်အတွက် အကျိုးဖြစ်ထွန်းစေသည့် အာဟာဓာတ်များစွာ ပါရှိသည်။
ဆန်ဆေးရည်ကို စိုက်ပျိုးပင်များမှာ တိုက်ရိုက် ပတ်ဖျန်းပေးခြင်းဖြင့် ကျန်းမာ သန်စွမ်းတဲ့ အပင်များ ရမှာ ဖြစ်ပါတယ်။
ဆန်ဆေးရည်ကို အချည်ဖောက်ပြီး အပင်မစိုက်ပျိုးမီ စိုက်ကျင်းထဲသို့ ကြိုပြီး ပက်ဖျန်းပေးခြင်းဖြင့် မိူ၊ပိုး၊ပျ၊စုပ်စားပိုး စသည့် မြေအောင်းပိုးများကိုလည်း နှိမ်နင်းပေးနိုင်ပါတယ်။
ဆန်ဆေးရည်ဟာ မိမိမြေဆီလွှာ၏ ချည်ငံဓာတ်ကိုလည်း အတန်အသင့် ပြုပြင်ပေးနိုင်စွမ်း ရှိသည့် အတွက် မိမိစားဖိုဆောင်မှ ရရှိသည့် ဆန်ဆေးရည်များကို မစွန့်ပစ်ဘဲ အပင်အတွက် စုဆောင်းထားရန် လိုအပ်ပါသည်။
၃/ အချိုမူန့်ဟာဖြင့် အပင်အတွက် လိုအပ်သော အနဲလို အများလို အာဟာရဓာတ်များစွာ ပါဝင်သည်။အပင်များအတွက် အစာချက်အားကောင်းစေသည်။မြေအောင်း အပင်အကျိုးပြု အဏုဇီဝပိုးများစွာ ပွားများစေသည်။အပင်ရဲ့ အရွက် အရွယ်အစားကြီးစေပြီး ပန်းပွင့်မူကို လူံ့ဆော်ပေးသည်။
⛄ပြုလုပ်နည်း⛄
ရှေးဦးစွာ ကြက်ဥသုံးလုံးကို ဖောက်ပြီးပန်းကန်တစ်ခုထဲသို့ မွှေ‌နောက်ပါ။ရလာတဲ့ ကြက်ဥရည်ကို ဆန်ဆေးရည် ထည့်ထားတဲ့ တစ်လီတာဗူးထဲထည့်ပါ။ထို့နောက် အချိုမူန့် နစ်ဇွန်းကို ဆန်ဆေးရည်ဗူးထဲထပ်ထည့်ကာ ဗူးကို လူပ်ခါပေးပြီး အသုံးပြုလို့ရပါပြီ။လေးဂါလံ ဆေးဖျန်းပုံးတစ်ပုံးကို ဆန်ဆေးရည် ၊ ကြက်ဥ အပင်အားဆေးရည် တစ်လီတာထည့် အသုံးပြုလို့ရပါတယ်။

image