😋ချဉ်ပေါင်ကို ဒီလိုလေးချက်ကြည့်ပါ😋
ချဉ်ပေါင်‌မွှေထားမယ် ခရမ်းသီးပါပါးလှီးမယ် မျှစ်ကိုတရေပြုတ်မယ် ရုံးပတေသီး ငရုတ်သီးစိမ်း နံနံပင်လည်း အဆင်သင့်ပြင်ထားပါမယ်
ကြက်သွန်ဖြူ နီ ထောင်းထားတာကို ငါးနဲ့ အရင် ဆီသတ်ပါမယ် ပြီးရင် ခရမ်းသီးနဲ့မျှစ်ထည့်မယ် ငပိစိမ်းစားလည်းထည့်ပါတယ် အသီးနှံနဲနဲနွမ်းမှ ချဉ်ပေါင်ထည့်ပါတယ် အားလုံးလုံးပြီးရင် ရေထည့်ပြီး တင်ထားလိုက်ပါတယ် ရေအနည်းငယ်ခမ်းမှ ငရုတ်သီးစိမ်း ရုံးပတေသီး နံနံပင်ထည့်ပြီး အဖုံးအုပ် မီးဖိုပေါ်ကချလိုက်ပါအရသာ ကိုယ်လိုသလိုပြင်ပါ

image
image
image
image
image