#ချွေတာရေး ဟင်းတခွက်

ပုစွန်ဆိတ် ၂၅၀
ကန်စွန်းရွက် ၁၀၀
ငြုတ်သီး ကြက်သွန်ဖြူ ဆီ ၂၀၀

စားလို့လဲမြိန်...စျေးလဲသင့်...ကျန်းမာရေးနဲ့လဲညီ

တကယ်တော့ ငပျင်းဟင်းလို့ ခေါ်တယ်... 😁😁

ကြက်သွန်ဖြူ ဆီသတ်
မွှေးလာရင် ပုစွန်ထည့်
ငြုတ်သီးတောင့်ထည့်
ငြုတ်သီးအနှစ်ထည့်
ကန်စွန်းရွက်ထည့်
ရေလေးနည်းနည်းထည့်ပြီး
မီးပြင်းပြင်းနဲ့ ခဏမွှေပြီးရင် ရပါပြီ...

ခရမ်းချဉ်သီး ၂လုံးလောက်လှီးထည့်
ရေလေးပိုထည့်လိုက်ရင်
ချဉ်စပ်လေးနဲ့ ပုစွန်ဆိတ်ကန်စွန်းသောက်ဆမ်းလေး ရသွားတာပေါ့နော်...

မြန်ကောင်းဟင်းတခွက်ပါ...

image