#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အာဖရိကနိုင်ငံများအပေါ် အခွန်လျှော့ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံပြောကြား
တရုတ်နိုင်ငံသည် သံတမန်ဆက်ဆံရေးရှိသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှသွင်းကုန်များအပေါ်အခွန်များလျှော့ချရန် အဆင်သင့်ရှိနေကြောင်း တရုတ်တာဝန်ရှိသူများက ဇွန် ၁၂ ရက်တွင် ပြောသည်။
အာဖရိကတိုက်မှ အမေရိကန်သို့တင်သွင်းသည့် ကုန်ပစ္စည်းများ အခွန်တိုးမြှင့်ကောက်ခံရမည့် အလားအလာနှင့်ရင်ဆိုင်နေရစဉ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ယင်းအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
အာဖရိကတိုက်ရှိဖွံ့ဖြိုးမှုအနည်းဆုံး ၃၃ နိုင်ငံနှင့် တိုးချဲ့စာရင်းတွင် တောင်အာဖရိကနှင့်နိုင်ဂျီးရီးယားအပြင် တရုတ်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများပါဝင်သည်။ သို့သော် အခွန်လျှော့ချမှုသည် မည်သည့်အချိန်တွင်စတင်သက်ဝင်မည်ကို တရုတ်တာဝန်ရှိသူများက ထုတ်ပြန်ခြင်းမရှိပေ။
အာဖရိကနိုင်ငံများသည် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဒေါ်လာ ဘီလီယံ ၁၇၀ တန်ဖိုးရှိထုတ်ကုန်များတင်ပို့ခဲ့ပြီး လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက အာဖရိကတိုက်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံကရပ်တည်နေခဲ့သည်။
တစ်ဖက်သတ်အခွန်ကောက်ခံမှုများမှတစ်ဆင့် လက်ရှိ နိုင်ငံတကာ စီးပွားရေးနှင့်ကုန်သွယ်မှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေရန် နိုင်ငံအချို့၏ ကြိုးပမ်းအားထုတ်နေမှုများကို တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးက ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ထားသည်။
ဘီဘီစီ

image