1 d - Translate

ပေါ်ဆန်းနှင့် ဧည့်မထဆန်များကို သင့်တင့်ဈေးနှုန်းဖြင့် ရောင်းချပေးနေ

ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထဆန်တွေကို သင့်တင့်မျှတဲ့ ဈေးနှုန်းနဲ့ စတင်ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတန်းကုန်စည်ဒိုင်မှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ရောင်းချပေးလျက်ရှိပါတယ်။
ရောင်းချပေးမယ့် ဈေးနှုန်းတွေအဖြစ် ရွှေဘိုပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၃၁၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၂၄၀၀၀ ကျပ်၊ ဧည့်မထ (1 Kg (၅ ပြည်) တစ်အိတ် - ၁၃၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။
သောကြာနဲ့ စနေနေ့တွေမှာ ကားတွေနဲ့ ရန်ကုန်စည်ပင်ဈေးတွေ အနီးတဝိုက်မှာ ရွှေဘိုပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၂၅၀၀၀ ကျပ်၊ ဧည့်မထ (1 Kg (၅ ပြည်) တစ်အိတ် - ၁၄၀၀၀ ကျပ်နဲ့ လှည့်လည်ရောင်းချပေးမယ်လို့ အသိပေးထားပါတယ်။

image