Mean-der (202
သမီးဖြစ်သူကိုဆုံးရှုးလိုက်ရလို ကားလမ်းမပေါ်မှာလှဲပြီးသေကြောင်းကြံဖိုလုပ်ခဲ့တဲ့ မလီဆာအဲ့အချိန်မှာပဲ အဒမ် ဆိုတဲ့လူနဲ့ တွေ့တာပေါ့။ အဒမ် နဲ့ကားကြုံလိုက်ပြီး စကားဘာညာပြောတုန်းသတင်းလေးတစ်ပုဒ်ကြားပြီးနောက် မလီဆာ အတွက်အရာရာအမှောင်တိဖြစ်တော့တာပဲ။ပြောရရင်သတိလစ်သွားတယ်ပေါ့။သတိရလာတော့ ထူးဆန်းတဲ့ပြွန်လိုလိုဏ်ခေါင်းထဲမှာသူရောက်နေလေပြီ။ သူ့လက်မှာကလည်း ထူးဆန်းတဲ့လက်ကောက်လေးတစ်ခု။အချိန်ကမှတ်ထားသေးတယ်။ ဒါတွေကဘာတွေလဲ ဘာအတွက်ကြောင့်လဲပြီးတော့သူဘယ်ရောက်နေတာလဲ ။မလီဆာ တစ်ယောက်သိချင်လိုလျှောက်သွားရင်း ကြုံလာရတာတွေကထောင်ချောက်တွေ။ သူ့လိုပဲရောက်နေတဲ့လူတွေ၊ ဒီလိုထူးဆန်းတဲ့ဝင်္ကပါလိုပြွန်လိုဏ်ခေါင်းထဲကနေ ဘယ်လိုထွက်မှာလဲ။ ဘယ်သူက သူတိုကို ဒီလိုလုပ်နေတာလဲ။ ဘာအတွက်ကြောင့်လဲဆိုတာကို စိတ်ဝင်စားစွာ ဒီကားထဲမှာကြည့်ရှူမြင်တွေ့ရမှာ နောက်ပြီး ဒီ Movie ဟာ ဆုပေါင်း(၁၁)ဆုလည်း ရထားသလို movie ရဲ့ trailer မှာတင်အတော်စိတ်ဝင်စားစရာကောင်းနေတာလည်းဖြစ်ပါတယ်။
