ကြိုတင်မတိုက်ထားဘဲ အဝါရောင်ဝတ်စုံနဲ့ ဆင်တူဖိနပ်လေးတွေ ဝတ်ခဲ့ကြတယ်ဆိုတဲ့ မဗိုက်လေး နှစ်ယောက် 🥰
သရုပ်ဆောင် သွန်းဆက်နဲ့ နန်းစန္ဒာလှထွန်းတို့က ရှမ်းစာတွေ ဖိတ်ကြွေးခဲ့ကြတဲ့ အိမ်မှာ ဧည့်သည်တွေအဖြစ် သွားရောက်စားသောက်ခဲ့ကြတာပါ။ သူမတို့နှစ်ဦးဟာ ကြိုတင်မတိုက်ထားကြဘဲနဲ့ အဝါရောင် ဝတ်စုံနဲ့ Crocs ဖိနပ်ဆင်တူလေးတွေ ဝတ်ဆင်ခဲ့မိကြတာပါ။ ကိုယ်ဝန်ရှိတာချင်းလည်းတူနေတဲ့ သူမတို့နှစ်ယောက်ဟာ သားယောက်ကျားလေး ကိုယ်ဝန်ကိုလည်း လွယ်ထားရတာချင်းတူပါတယ်။
