သားယောက်ကျားလေး Marshall ကို ဒီနေ့မှာပဲ မွေးဖွားလိုက်တဲ့ ဟန်ထူးလွင်တို့ ဇနီးမောင်နှံ
အဆိုတော် ဟန်ထူးလွင်နဲ့ ဆွိဝတ်ရည်သောင်းတို့ ဇနီးမောင်နှံဟာ ဒီကနေ့မှာပဲ သားလေး Marshall ကို အောင်မြင်စွာမွေးဖွားခဲ့ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက် သောကြာနေ့မှာမွေးဖွားခဲ့ပြီး နေ့စေ့လစေ့ချိန်မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဟန်ထူးလွင်ဟာ ယခုဆိုရင်တော့ သမီးနှစ်ယောက်၊ သားတစ်ယောက်ရဲ့ ဖခင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
