1 d - Translate

ဖာဒီနန် “ရာမို့စ်က ခရစ္စတီယာနိုရော်နယ်ဒိုထက် ပိုပြီးတော့တော်တယ်ဆိုတဲ့ စကားတွေ၊ ကျွန်တော်က ဒီလိုမထင်ဘူး။ ရာမို့စ်ဆိုတာ PSG မှာ လူစားဝင်ကစားသမားအဆင့်ပဲရှိတယ်။ ရော်နယ်ဒိုကတော့ ဂျာမနီ နဲ့ စပိန်ဖိုင်နယ်မှာ နှစ်ဂိုးသွင်းတယ်။ ဘာကိုကြည့်ပြီး ဒါမျိုးပြောထွက်လဲဆို စဉ်းစားလို့မရဘူး။”
ဖာဒီနန်ကြီးပြောတာလည်း ဟုတ်တယ်။ ဘယ်လိုပဲ ရော်နယ်ဒိုကို တိုက်ခိုက်ချင်နေပါစေ၊ ရာမို့စ်က ပိုပြီး ကောင်းတယ်ဆိုတဲ့ စကားတွေကတော့ တကယ်စဉ်းစားလို့ကိုမရဘူး။ ပေါ်တူဂီရဲ့တက်လှမ်းကို ရော်နယ်ဒို က ပိတ်နေတာမဟုတ်ပါဘူး။
ဒီအသင်းမှာ စည်းလုံးမှုလိုအပ်နေတာပါ။ အခုတော့ တဖြည်းဖြည်းနဲ့ ဒီစည်းလုံးမှုကို မြင်လာရပြီ။ ပေါ်တူဂီက တဖြည်းဖြည်းတိုးတက်လာနေတာပါ။ အခုအချိန်အထိ အဖိုးကြီးကို ဖယ်ထုတ်လိုက်လို့ လုံးဝ မရသေးပါဘူး။

image