4 d - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတောင်ပိုင်းရှိ လုပ်ငန်းခွင်များအတွင်း ဝင်ရောက်စစ်ဆေးစဉ် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၄ ဦးဖမ်းဆီးခံရကြောင်း ဇွန် ၉ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိလုပ်ငန်းခွင်များထဲတွင် နိုင်ငံခြား သားများ တရားမဝင်လုပ်ကိုင်မှုမရှိရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနအဖွဲ့က ဇွန် ၅ ရက်နှင့် ၆ ရက်တို့တွင် ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသားခြောက်ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄ ဦး ပါဝင်နေပြီး ၎င်းတို့အနက် ၁၂ ဦး သည် အလုပ်လုပ်ခွင့်လက်မှတ်များရှိသော်လည်း အနှိပ်သည်၊ ဈေးသည်ကဲ့သို့သော တားမြစ်အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကာနောက်ထပ်နှစ်ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများအား ဟတ်ယိုင်ရဲစခန်းသို့ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

image