Arc ကို မေ့လိုက်တော့... Dia ကို စပြီး စမ်းသုံးလို့ရပြီ 👀
.
Arc Browser ကို ထုတ်ခဲ့တဲ့ The Browser Company ကနေ AI Browser အသစ် - Dia ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ။ ဒီလို တရားဝင်ထုတ်ပေးလိုက်တယ်ဆိုပေမယ့် အရင်ဆုံးသုံးနိုင်မှာက Arc Browser ကို သုံးနေတဲ့သူတွေပဲ Arc မှာ Sign-in လုပ်ထားတဲ့ Email Account နဲ့ ဝင်ရောက်ပြီး အရင်ကြိုပြီး ပေးသုံးထားတာဖြစ်ပါတယ်။
Dia Browser ကို ကိုယ်တိုင်လည်း မနေ့ည ထွက်ထွက်ခြင်း စမ်းသုံးနေဖြစ်တာဆိုတော့ အချိန် နာရီပိုင်းသုံးပြီးတဲ့အချိန်မှာ မြင်တဲ့အမြင်၊ Experience ကို နည်းနည်းပြန်ပြီး Share လုပ်ပေးပါမယ် -
# Onboarding Process က အရမ်းကောင်းတယ်
ဒါက Arc အတိုင်းပဲ Dia ကို စစခြင်း သုံးဖို့ ဖွင့်လိုက်တာနဲ့ မြင်ရတဲ့ Landing Page တွေ၊ ဘယ်လို Feature တွေကို ဘယ်လိုသုံးလို့ရမလဲဆိုတာကိုတွေကို သေချာရှင်းပြပေးနိုင်တယ်။ ပြီးတော့ Arc ကနေ Import လုပ်လိုက်တဲ့အချိန်မှာ အခုထိ Facebook ကလွဲပြီး ဘာမှ ပြန်ပြီး Account Sign-in ဝင်ရတာမျိုး မရှိသေးဘူး။
ပြောရရင် Arc ကနေ ပြောင်းသုံးလိုက်ရင် Browser အသစ်တစ်ခုကို အခုမှ အစကနေ Setup လုပ်၊ သုံးနေရတဲ့ Feeling ရမှာမဟုတ်ဘူး။ သုံးနေကြ Browser တစ်ခုကို UI နည်းနည်းပြောင်းသွားတာနဲ့ပဲ ပိုတူတယ်။
ပြီးတော့ Onboarding Process ပြီးတာနဲ့ Dia Browser မှာ လုပ်နိုင်တဲ့အချက်တွေကို YouTube Video အနေနဲ့ တန်းပြီး ပြပေးတယ်။ ဒါတွေက Arc လိုပဲ First Impression ပိုင်းမှာတော့ တော်တော်ကို ကောင်းသွားတယ်။
# AI ကို အရမ်းကိုမှီခိုပြီး သုံးနေဖို့လိုအပ်တယ်
Dia Browser ရဲ့ အဓိက Main Feature က ကိုယ် ဘယ် Tab ဖွင့်ထားထား၊ ဘာသုံးနေ သုံးနေ AI Chat ကို Side Window အနေနဲ့ပဲဖြစ်ဖြစ်၊ Pop-up အနေနဲ့ပဲဖြစ်ဖြစ် ခေါ်သုံးနိုင်တယ်။
ဒီ AI Chat ကို သီးသန့် နာမည်ပေးထားတာမျိုးတော့မရှိဘူး။ ဒါပေမယ့် Chat ကိုဖွင့်လိုက်တာနဲ့ ကိုယ်ကြည့်နေတဲ့ Tab ကိုပါ Mention ထားပြီး ဒီဖွင့်ထားတဲ့ Tab အကြောင်းကို AI ကို Link Copy ကူးစရာမလိုပဲ တန်းမေးလို့ရတယ်။ ဥပမာ - YouTube Video ဖွင့်ထားရင် ဒီ Video ထဲမှာ ဘာတွေက အဓိကလဲဆိုတာကို List လုပ်ခိုင်းတာမျိုး၊ Article တွေဖတ်နေရင် ဒါက ဘာအကြောင်းရေးထားသလဲဆိုတာတွေ မေးလိုက်ရုံပဲ။ YouTube ကို ပြန်ပြောတာမျိုးဆိုရင် ဘယ်နေရာမှာ ဘယ်လိုပြောထားတယ်ဆိုတာကို တန်းနှိပ်ကြည့်လို့ရအောင် Timestamps တွေပါ ထည့်ပေးထားတာ တော်တော်မိုက်တယ်။
ပြီးတော့ ကိုယ်ဖွင့်ထားတဲ့ Tab တွေကို AI ကို ယှဥ်ပြီး ရွေးခိုင်းလို့ရမယ်။ ဥပမာ - ကိုယ်က Agoda မှာ ခရီးသွားဖို့ Hotel တွေရှာနေတယ်၊ ထည့်စဥ်းစားနေတဲ့ Hotel တွေကို Tab တွေခွဲဖွင့်ထားရင် AI ကို ဘယ် Hotel က ဘယ်လိုအားသာချက်၊ အားနည်းချက်တွေရှိသလဲဆိုတာကို ယှဥ်ခိုင်း၊ Table အနေနဲ့ ခွဲပြီး ပြခိုင်းလို့ရတယ်။
# စာရေးနေရတဲ့သူတွေအတွက် Dia က အကောင်းဆုံးဖြစ်လာနိုင်တယ်
ပြောရရင် ဒီအချိန်မှာ Professional Email လိုမျိုး ရေးနေရတဲ့သူတွေပဲဖြစ်ဖြစ်၊ တခြားအလုပ်ကိစ္စတွေ၊ ကျောင်းကိစ္စတွေကြောင့် စာသေချာရေးနေရတဲ့သူတွေရှိမှာပဲ။ အဲ့လိုသူတွေဆိုရင် Dia Browser က ကြိုက်မှာသေချာတယ်။
ဘယ်လိုမျိုးလဲဆိုရင် ဥပမာ - ကိုယ့်ဘာသာ Email တစ်ခုရေးပြီးပေမယ့် တစ်နေရာကို အားမရဘူးဆိုရင် အားမရတဲ့နေရာကို Select မှတ်လိုက်တာနဲ့ Dia မှာ Built-in In-line Copy Editor ပါတော့ ဘေးက Chat က Select ထားတဲ့ Text တွေကို Copy/Paste စရာမလိုပဲ သိနေပြီ။ ဒီဟာအစား နည်းနည်းပိုကောင်းအောင် ပြင်ရေးပေးဆိုပြီး ပြောလိုက်ရုံပဲ။
မဟုတ်လည်း ဥပမာ - စကားလုံးတစ်ခုက အရမ်းရိုးရှင်းတယ်၊ အဲ့အစား အဓိပ္ပါယ်တူပြီး တခြားဘာစကားလုံးရှိလဲဆိုတာကို ရှာခိုင်းလို့ရမယ်။ Document တွေရေးထားတယ်ဆိုရင်လည်း Grammar မှားနေရင် ပြင်ပေးခိုင်းတာမျိုး တော်တော်များများကို ခိုင်းလို့ရတယ်။
# လေ့လာချင်တယ်ဆိုရင်လည်း Dia က အသုံးဝင်တဲ့ AI Chat လို ပြောလို့ရတယ်
ဒါက ပြောရရင် Perplexity လိုမျိုး AI Search Engine ပုံစံလည်း Dia ကို Web Browser ဖြစ်နေပေမယ့် သုံးနိုင်တယ်။ ဥပမာ - ကိုယ်က Topic တစ်ခုအကြောင်းကို စာတွေလိုက်ဖတ်နေတယ်၊ ဖွင့်ထားတဲ့ Tab တွေအပေါ်မှုတည်ပြီး AI Chat ကို အဲ့ဒီ Topic အကြောင်း အမြင်ကို လိုက်ဆွေးနွေးလို့ရတယ်။ ပြောရရင် ChatGPT တို့၊ Gemini တို့လိုမျိုးပဲ တခြား AI Agent ဆီ သွားစရာမလိုပဲ Dia မှာတင် ဆွေးနွေးတာမျိုး၊ သိချင်တာတွေ ထပ်မေးတာမျိုး မေးလို့ရတယ်။
# စျေးဝယ်ရင်လည်း သုံးလို့ကောင်းတယ်
ဒါက Web Browser ပေါ်မှာ စျေးတွေလျှောက်ဝယ်၊ ပစ္စည်းတွေလျှောက်ကြည့်ရင်လည်း Dia က မိုက်တယ်။ ဥပမာ - Keyboard တစ်ခုကိုတွေ့လို့ ဝယ်ချင်ပေမယ့် ကိုယ်ကြည့်နေတဲ့ Website ထက် စျေးသက်သာတာရှိမလားသိချင်ရင် Chat က Camera ပုံကို နှိပ်၊ အဲ့ Keyboard ကို ပုံရိုက်ပြီး တခြားစျေးပိုသက်သာတဲ့နေရာရှိလား ရှာခိုင်းလိုက်ရုံပဲ။
ဒါမှမဟုတ် ကြည့်နေတဲ့ ပစ္စည်းက ကောင်းလား၊ မကောင်းလားဆိုတာကိုလည်း Review တွေ ရှာဖတ်ခိုင်းပြီး ပြန်ပြောခိုင်းလို့ရတယ်။ တခြား ဘာ Option တွေရှိဦးမလဲ ရှာခိုင်းလို့ရမယ်။
# Coding ပိုင်းမှာလည်း Dia ကို ခိုင်းလို့ရမယ်
ဒါက Developer တွေအတွက် ပိုပြီး အဆင်ပြေနိုင်မယ်။ Dia ရဲ့ AI Chat က တခြား ChatGPT တို့၊ Gemini တို့လိုမျိုးပဲ Coding ပိုင်းကိုလည်း လုပ်ပေးနိုင်တယ်။ ဖြစ်နေတဲ့ Bug ကို ပြင်ခိုင်းတာမျိုး၊ တခြား လိုချင်တဲ့ Function တွေကို Code ရေးခိုင်းတာတွေ လုပ်လို့ရတယ်။
