စပါးခင်းထဲက ရေညှိဘာကြောင့် ရေညှိတွေ များနေရတာလဲ ❓❓
စပါးအတွက် စိုက်ပျိုးသူတိုင်း မသုံးမဖြစ်သုံးရတဲ့ နိုက်ထရိုဂျင် မြေဩဇာကြောင့် ဖြစ်တတ်ပါတယ်. နိုက်ထရိုဂျင် မြေဩဇာကို သာမာန်လိုအပ်တာထက် ပိုပြီး အသုံးပြုလိုက်တဲ့အခါ ရေညှိပင်များ ပိုမိုဖြစ်ထွန်း ပွားများလာတာကြောင့် ဖြစ်ပါတယ်.
ရေညှိတွေက စပါးပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေသလား ???
ရေညှိပင်များ ပိုမိုပွားများ လာတဲ့အခါ စပါးပင်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေပါတယ် စပါးပင်က ရေညှိပင်နဲ့ အာဟာရဓာတ်ကို အပြိုင်စားသောက်ရတဲ့အတွက် စပါးပင်အတွက် လုံလောက်တဲ့ အာဟာရ ရရှိဖို့ ခက်ခဲပါတယ် စပါးအပင်ငယ်တွေဆိုရင် မြေကြီးမှာ အမြစ်ကောင်းကောင်း မစွဲနိုင်တော့ဘဲ အပင်များ အမြစ်ကနေ ကျွတ်ထွက်လာနိုင်ပါတယ်.
ဒါဆိုရင် ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲ ???
- နိုက်ထရိုဂျင် မြေဩဇာများ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပါ
- ရေသွင်းရေထုတ် ပြုလုပ်ပေးပါ
- ကော့ပါးပါသောဆေးကို ဖျန်းပက်ပေးပါ
- ဆေးဖျန်းစဉ် လယ်ကွင်းထဲမှ ရေကို ထုတ်ပေးပါ
