3 w - Translate

မြောက်ပိုင်းသုံးဖွဲ့က နယ်စပ်ကုန်သွယ်ခွန်ကို အွန်လိုင်းစနစ်နဲ့ ပြောင်းလဲ ကောက်ခံမယ်

မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ နယ်စပ် ကုန်သွယ်ခွန်ကို အွန်လိုင်း စနစ်နဲ့ ပြောင်းလဲ ကောက်ခံမှာ ဖြစ်ကြောင်း ကုန်သည်တွေနဲ့ မဟာမိတ်အဖွဲ့ရဲ့ အသိပေး ကြေညာချက် အရသိရပါတယ်။
"နယ်စပ် ကုန်သွယ်မှု နေ့တိုင်း တိုးလာလို့ ခါတိုင်းလို ဂျူတီဆောင်တာ မဟုတ်ပဲနဲ့ အွန်လိုင်းကနေ ကြိုတင်ပြီးတော့ လုပ်တာပေါ့။" လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။
ကုန်သွယ်ရေးကားတွေက ခါတိုင်းထက်များလာပြီး ရောက်မှ အခွန်ဆောင်ရင် ကြန့်ကြာ နေတာမျိုး ဖြစ်တာကြောင့် အစိုးရ လိုပဲ ကြိုတင်စာရင်းသွင်း၊ အွန်လိုင်းကနေ ကြိုတင် အခွန်ဆောင်တာမျိုး ဟုတ်တယ်လို့ သူက ပြောပါတယ်။
ကုန်စည်တွေကို အခွန် ဝန်ဆောင်မှုပေးတဲ့ ကိုယ်စားလှယ် တယောက်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှာ အမြာင်ပိုင်း ညီနောင်သုံးဖွဲ့က အွန်လိုင်းစနစ်နဲ့ အခွန်ဆောင်ရမှာ ဟုတ်တယ်လို့ ပြောပါတယ်။
ေမြာက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ အခွန်ဌာနကလည်း ကုန်သွယ်ရေး ကားတွေ များလာတာကြောင့် နယ်စပ် အဝင်အထွက် ကားတွေ ကြန့်ကြာမှုမဖြစ်အောင် ကားစာရင်း တင်တာတွေ၊ အခွန်ဆောင်တာတွေကို အွန်လိုင်းစနစ် တို့မြှင့်ထားကြောင်း အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။
လာမယ့် ဇူလိုင်လ ၁ ရက်နေ့စ ခါတိုင်းလို ရောက်မှာ ကားစာရင်းတင်၊ အခွန်ဆောင်တာမျိုး လက်မခံတော့ဘဲ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် ကြိုတင် စာရင်းတင်၊ အခွန်ဆောင်တာတွေ ဆောက်ရွက်ထားဖို့ ဖော်ပြထားပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ၂၀၂၃ ဒီဇင်ဘာလက မြောက်ပိုင်း မဟာမိတ် ညီနောင် သုံးဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

image