Astrophotography ဆိုတာ အာကာသကောင်းကင်ထက်က စိတ်ဝင်စားဖွယ် ကောင်းကင်ဝတ္တု(celestial object) များကို ခေတ်မီ တိုးတက်လာတဲ့ ကင်မရာတွေကတစ်ဆင့် Digital ပုံရိပ်များအဖြစ် မှတ်တမ်းတင်လေ့လာတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။
ဒီပညာရပ်ကို စိတ်ဝင်စားနှစ်သက်ကြတဲ့ ကမ္ဘာတစ်ဝန်းက Astrophotography ချစ်သူများလည်း အနှံအပြား ရှိကြပါတယ်။ အထူးအထွေကုန်ကျခြင်းမရှိပဲ Tripod တစ်ခု ဖုန်းတစ်လုံးရှိရုံနဲ့ လှပတဲ့ ကောင်းကင်ထက်က အာကာသဆိုင်ရာအလှအပများကို ဖမ်းယူရိုက်ကူးနိုင်ပါတယ်။
ဒီလိုရိုက်ကူးရရှိလာတဲ့ ပုံရိပ်အလှအပများကိုလည်း ပြန်လည်ဝေမျှခြင်းနဲ့ Astrophotography နဲ့ Astronomy ပညာရပ်များကိုစိတ်ဝင်စားတဲ့သူများပြားတိုးတက်လာတာဖြစ်ပါတယ်။
သာမန်ပြည်သူတစ်ယောက်ဟာ ရူပ်ထွေးတဲ့ physics ပိုင်းဆိုင်ရာနားလည်ဖို့ခက်ပေမယ့် Astrophotography ကနေတစ်ဆင့် အာကာသသိပ္ပံပညာရပ်ကို စိတ်ဝင်စားလေ့လာနိုင်မှာဖြစ်ပါတယ်။
ဒီလို Astrophotography ပညာရှင်များနဲ့ ဝါသနာရှင်တွေ ကရိုက်ကူးယူခဲ့တဲ့ မနေ့ ဇွန်လ ၁၀ ရက်ည ကမြင်တွေ့ခဲ့ရတဲ့ ကမ္ဘာနိုင်ငံ ဒေသအသီးသီးက Strawberry moon ရဲ့ ပုံရိပ်များဖြစ်ပါတယ်။

image