2 w - Translate

#official_announcement
တရားဝင် ပိုစတာတော့ ထွက်လာပြီဗျာ။
တစ်ချက် သတိပေးချင်တာက ဒီပွဲကို Main Card အောက် ထည့်ထားတယ် ဆိုတဲ့ သတင်းတွေက Confirm မဟုတ်ပါဘူး။
UFC က တွဲဆိုင်း Order ကို အစောကြီးလဲ မချပြပါဘူး။
Main Card မှာ ပါတဲ့ တွဲဆိုင်းတွေကို ၁ ပတ် လိုလောက်မှ အတိကျ ချပြလေ့ရှိတာပါ။
လောလောဆယ်ထိတော့ UFC website မှာလဲ Main Card လို့ မချပြသေးသလို ၊ ESPN ကလဲ မချပြသေးပါဘူး။
ထပ်ပြောရရင် မူလ လျာထားချက်မှာ ဘရန်ဒန် ရိုဗာ vs. မာနယ်ကပ် တွဲဆိုင်းက Main Card ထဲမှာ မရှိခဲ့ပါဘူး။
ဒါ့ကြောင့် ရိုဗာတောင် သူ့ပွဲကို Main Card အောက် မထားဘူးလားဆိုပြီး ပူညံပူညံ လုပ်တဲ့ပို့စ် My Day မှာ တင်ခဲ့သေးပါတယ်။
ပြိုင်ဘက် အပြောင်းလဲမှာတော့ စောင့်ကြည့်ကြတာပေါ့။
ချင်းလေးကတော့ ဒီပွဲဟာ
“ဘယ်သူက ပိုကြမ်းပြနိုင်တယ် ၊ ပိုကောင်းအောင် ကစားပြနိုင်တယ် ဆိုတာထက် ဘယ်သူက ပိုပြီး Smart ဖြစ်အောင် ကစားပြနိုင်မလဲ ဆိုတာက အဖြေထုတ်ပေးလိမ့်မယ်” ဆိုပြီး မှတ်ချက် ပေးထားပါတယ်။

image