Joshua Van (UFC Flyweight Ranking 1
Joshua Van က Bruno Silva ကို အလဲထိုးပြီး UFC Flyweight Ranking မှာ အဆင့် (၁၀) ဖြစ်လာပါပြီ။ မူလတုန်းက အဆင့် (၁၄) ဆိုပေမယ့် အလဲထိုးနိုင်ပွဲကြောင့် (၄) ဆင့်ခုန်တက်သွားတာပါ။ Bruno Silva က အဆင့် (၁၄) ဖြစ်သွားပါတယ်။ မူလအဆင့် (၁၂) ကနေ (၂) ဆင့်ကျသွားတာပါ။
ဇွန်လ (၂၈) ရက်နေ့မှာ Brandon Royval နဲ့ Joshua Van တို့က ဖလိုင်းဝိတ်တန်းမှာ ပွဲကြမ်းကြပါမယ်။ Brandon Royval က UFC Flyweight Ranking မှာ အဆင့် (၁) ဖြစ်ပြီး (၂) ပွဲဆက်နိုင်ထားပါတယ်။ သက်လုံကြမ်းတဲ့ ဖိုက်တာမို့လို့ စောင့်ကြည့်ရပါမယ်။
Joshua Van က (၄) ပွဲဆက်နိုင်ထားပြီး စိတ်အားတက်ကြွနေပါတယ်။ အခုဆိုရင် အဆင့် (၁၀) ဖြစ်သွားပြီဆိုတော့ Flyweight Top 10 ဝင်သွားပါပြီ။ ချင်းလေးမောင်ဗန်က လိမ္မာတယ်။ ထိုးကြေးစုပြီး အမေကို အိမ်ဝယ်ပေးလိုက်ပြီ။
Joshua Van က Brandon Royval ကို မနည်းရုန်းရမယ်။ နိုင်ဖို့ သိပ်မလွယ်ဘူး။ နိုင်ရင်တော့ ခါးပတ်လုခွင့်ရသွားနိုင်ပါတယ်။ ဒါဆိုရင် ထိုးကြေးကလည်း ဒေါ်လာသိန်းဂဏန်းကနေ သန်းဂဏန်းအထိ ဖြစ်သွားနိုင်တယ်။ သေမြေကြီး ရှင်ရွှေထီးပဲ။ ကြမ်းပြလိုက်စမ်းပါကွယ်။
