ချဉ်ပေါင်မျှစ်ကြော်
ချဉ်ပေါင်ရွက်တွေကိုအိုးထဲထည့်ရေအနည်းငယ်ထည့်ပြီးကြေသွားအောင်အရင်မွှေပါ
ပြီးရင်ထွက်လာတဲ့ရေတွေသွန်ပြီးစစ်ထားပါ
ကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးတို့ကို
မညက်တညက်ထောင်းပြီးဆီသပ်ပါ
နွမ်းရင်စိမ်းစားငပိနဲ့ပုစွန်ခြောက်မှုန့်ထည့်ကြော်ပါ
မွှေးလာရင်မျှစ်တွေအရင်ထည့်ကြော်ပါ
မျှစ်ကြော်နံ့မွှေးလာမှ
ချဉ်ပေါင်တွေထည့် ငန်ပြာရည်ထည့်ပြီး
ကြာကြာလေးမွှေကြော်ပါတယ်
ငရုတ်သီးစိမ်းအုပ်ပါတယ်
