ဇူလိုင်လတွင် ကျင်းပမည့် (TOP-J) စာမေးပွဲ လျှောက်ထားနိုင်
******************
(ပြည်တွင်း) ဇွန်လ ၁၁
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည့် (Top-J) စာမေးပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပ သွားမှာဖြစ်ပြီး စာမေးပွဲအဆင့်မှာ Basic (N4+N5), Intermediate (N3+N2) တို့ဖြစ်တာကြောင့် ဖြေဆိုလိုသူများအနေနဲ့ (TOP-J) စာမေးပွဲကို လျှောက်ထားဖြေဆိုနိုင်ကြောင်း သိရပါတယ်။
စာမေးပွဲဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ဇွန်လ ၂ ရက်မှ ၁၃ ရက်အထိ လက်ခံ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရန်ကုန်မြို့အတွက် လျှောက်ထားရမည့်လိပ်စာမှာ MAJA Education Centre ဖုန်း ၀၉-၄၂၈၆၁၃၈၄၈ အမှတ်(၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ဖြစ်ပါတယ်။
မန္တလေးမြို့ အတွက် လျှောက်ထားရမည့်လိပ်စာမှာ MAJA Office (Mandalay Branch)ဖုန်း ၀၉-၂၅၅၁၆၂၅၃၃၊ ၆၈ လမ်း၊ ၂၆ နှင့် ၂၇ လမ်းကြား၊ မန္တလေးဆွမ်းဟိုတယ် အပြင်ဘက်၊ အနောက်ဘက်ခြမ်း ဖြစ်ပါတယ်။
TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားတဲ့ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE က ကျင်းပပြုလုပ်သည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ တစ်ခုဖြစ်ရာ ဂျပန်ဘာသာစကားစွမ်းရည်ကို စစ်ဆေးရန်၊ ဂျပန်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်၊ ပညာသင်ဆု လျှောက်ထားရန်နှင့် အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းက ဂျပန်ဘာသာအရည် အချင်း အသိအမှတ်ပြု စာမေးပွဲအောင်လက်မှတ်တောင်းဆိုသည့်အခါတို့တွင် အဓိကအသုံးပြုနိုင်ကြောင်း သိရပါတယ်။
