ချောင်းသာရောက်ရင် ဒေါ်ပြူးစိန်လက်ရာစားကြည့်
ချောင်းသာရောက်တိုင်း ဒေါ်ပြူးစိန် ဆီက ပင်လယ်စာတွေ မှာ စားခဲ့တာ ၁၀ နှစ်ဝန်းကျင်လောက်ကို ရှိနေပြီ ရောက်တိုင်းမှာစားတယ် 😋
စျေးတန်တာထက် လက်ယာကောင်းတာ ကမ်းခြေအရသာအပြည့်မို့ အမြဲစားဖြစ်တာ ပြီးတော့ ၄ ယောက်စာဆို ၆ ယောက်လောက်အထိ ကို စားလို့ရအောင် ပိုပိုလျှံလျှံထည့်ပေးတယ် သူ့စေတနာပေါ့ 🤗
ပြန်ခါနီးရင် ဂဏ္ဏန်းခွက်ကြော်ကို ရန်ကုန် အပြန်ပါဆယ် ဆွဲခဲ့ကြသေးတာ ပုံထဲမှာတော့မပါဘူး 😅
ရန်ကုန်ကနေ ချောင်းသာသွားရင် ကျောင်းကုန်းလောက်ထဲက ဖုန်းဆက်ပြီး စားချင်တာတွေမှာထားလိုက်တယ် ဘယ်မှာတည်းမလဲ ပြောထားလိုက်တယ် ဉတို တံတားလောက် ရောက်တာနဲ့ လာပို့လို့ ရပြီဆိုရင် ချောင်းသာရောက်လို့ Check in ဝင်ပြီးတာနဲ့ တန်းစားယုံပဲ 😋
ကျနော်တို့ တမိသားစုလုံးကြိုက်တဲ့ ချောင်းသာချက်ပို့ လက်ရာမို့ ညွှန်ပေးလိုက်ပါတယ် 🤗
ဒေါ်ပြူစိန် ဖုန်းကို ကွန်မန့်မှာ ရေးပေးထားပါတယ်။
#သွားမယ်&တည်းမယ်

image