#end
မျိုးစေ့ထုတ်ယူခြင်း
ရုံးပတီမျိုးစေ့ထုတ်စိုက်ခင်းသည် အခြားသောရုံးပတီမျိုးစိုက်ခင်းနှင့်အနည်းဆုံးပေ ၁၀၀၀ ကွာဝေးရပါမည်။ အပင်သန်စွမ်း၍ မျိုးလက္ခဏာမှန်ကန်သည့် ရောဂါကင်းသောပျိုးပင်များကိုရွေးချယ်ရပါမည်။ တစ်ပင်လျှင် အသီး ၁၀-၁၅ တောင့်ခန့်သာချန်ပြီး ထိပ်ညွန့်ပိုင်းကိုဖြတ်ပေးရမည်။ ထိုမျိုးပင်များမှပန်းပွင့်ပြီး ၄၅-၅၀ ရက် အကြာ ရင့်မှည့်သောမျိုးတောင့်များမှ မျိုးစေ့ထုတ်ယူအခြောက်ခံ သန့်စင်ခြင်း ပြုလုပ်ရပါမည်။
အစေ့များတွင် ပိုးပါလာပါက သိုလှောင်ရာတွင် ကျန်အစေ့များကိုပါဖျက်စီးတတ်၍ အစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် ရောမွှေပြီးလေလုံစွာသိမ်းဆည်းပါ။
မိုးတွင်း ရုံးပတီသီး စိုက်ပျိုးနည်းစနစ်
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ရုံးပတီစေ့များကို မိုးမစမီ မေလ လဆန်းလောက်တွင် စိုက်ပျိုးသင့်သည်။ ရုံးပတီကိုအဓိကအားဖြင့် ဟင်းချက်ရာတွင်လည်းကောင်း၊ အတို့အမြုပ်အစိမ်းစားအဖြစ်လည်းကောင်း အသုံးပြုကြသည်။ မြန်မာဆေးကျမ်းအဆိုအားဖြင့် ရုံးပတီသီးသည် ကျိချွဲ၏။ လေ၊ သလိပ်ကို ပျက်စေတတ်၏။အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်၏ဟု ဆိုလေသည်။ရုံးပတီပင်စည်မှ လျှော်မျှင်ထုတ်လုပ်ကြသည်။ ရုံးပတီသည် ပူနွေးသောရာသီကို ကြိုက်နှစ်သက်သည့်သီးနှံဖြစ်သည်။
မျိုး
အပင် အနိမ့်အမြင့် အသီးပုံသဏ္ဍာန်ပေါ်မှုတည်ပြီး အမျိုးမျိုးကွဲပြားသည်။ ပင်မြင့်မျိုး၊ပင်လတ်မျိုး၊ပင်ပုမျိုးနှင့် အသီးတွင်မြှေင်းပါသောမျိုး၊ အသီးချောမျိုး ၊ ဆူးပါမျိုး၊အသီးစိမ်း၊အသီးနီစသည့်ဖြင့်ကွာခြားမှုရှိသည်။ဒေသမျိုးများကိုဒေသအလိုက်နာမည်အမျိုးမျိုးတပ်ခေါ်လေ့ရှိပြီး အရောင်အားဖြင့် အဖြူရောင်(စိမ်းဖျော့)၊စိမ်းရင့်နှင့်အနီရောင်(ခရမ်း)ရှိသည်။
ရန်ကုန်ဈေးကွက်တွင် ဆင်စွယ်(အဖြူရောင်အရှည်သီး) ၊ကျောက်စိမ်းနှင့် မန္တလေး(ပုသိမ်ကြီး)သီး ဈေးကွက်တွင် ကျောက်စိမ်းတို့မှာထင်ရှားသည်။ အာရှမျိုး (အဖြူရောင်၊အစိမ်းရင့်ရောင်) အသီးတောင့်အရှည် ၆ လက်မခန့်ကိုပိုမိုနှစ်သက်ကြပြီး အမေရိကန်မျိုး (အသီးအနီရောင်)အမြှောင်းမပါသောမျိုးများမှာတောင်ပေါ်ဒေသတွင် ပိုမိုဖြစ်ထွန်း၍ အသီးနူးညံ့သည်။မြေပြန့်တွင်အသီးကြမ်း၍ ရင့်သဖြင့် လူကြိုက်နည်းသည်။
မျိုးစေ့နှုန်း
တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင်မျိုးစေ့ (၅၀၆ ကီလိုဂရမ်) လိုအပ်ပါသည်။
မြေပြပြင်ခြင်း
ရုံးပတီသည်အသင့်အတင့်ကောင်းသောမြတွင်ဖြစ်ထွန်းသည်။ ဖွယ်သောမြေကို ပိုမိုနှစ်သက်သည်။ မြေချဉ်ငံဓါတ် (၆- ၆.၈) အတွင်းစိုက်ပျိုးနိုင်သည်။ မြေပြင်ချိန်တွင်တစ်ဧက နွားချေး (၁၀)တန်နှုန်းချပေးပါ။ထွန်ထယ်တို့ဖြင့် ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်၍ စိုက်ကြောင်းဖေါ်ပေးပါ။ မိုးရာသီတွင် ဘောင်ဖြင့်စိုက်ပါ။ တစ်ဧကအတွက် ဓါတ်မြေသြဇာနှုန်းမှာ ယူရီယား ၁ အိတ်၊ တီစူပါ ၁ အိတ်၊ ပိုတက်ရှ် ၁ အိတ်သုံးစွဲပါ။
စိုက်ပျိုးခြင်း
ရုံးပတ်တီစေ့ကို မစိုက်ပျိုးမီ (၁၂)နာရီခန့်ရေစိမ်ပေးပါ။ ရေပေါ်တွင်ပေါ်နေသော အစေ့များကိုဖယ်ရှာပစ်ရမည်။ စိုက်ချိန်ရာသီပေါ်မှုတည်၍ ပင်ကြား တန်းကြား (၃×၁)ပေထား၍ စိုက်သည်။ တစ်ဧကအပင်ဦးရေ (၁၀၀၀၀-၄၀၀၀၀)ရရှိအောင်စိုက်ပျိုးပါ။
အပင်ပြုစုခြင်း
ရုံးပတီတွင် ဗိုင်းရပ်ရောဂါကျရောက်လေ့ရှိသဖြင့် အပင်ငယ်စဉ်ကပင် ပေါင်းကင်းစင်ရမည်။ ရုံးပတီသည်ရေငတ် ဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိသော်လည်း အစိုဓါတ်ထိန်းသိမ်းနိုင်အား ကောင်းသောမြေတွင်စိုက်လျှင် အထွက်နှုန်း ပိုကောင်းစေပါသည်။ ရုံးပတီကိုအလွန်ပူပြင်းသောရာသီတွင် ရေသွင်းပေးရန်လိုအပ်ပါသည်။အဓိက ကျရောက်သောပိုးမွှားများမှာ သီးလုံးဖောက်ပိုး၊ ပျပိုးများဖြစ်၍ ထိသေနှင့် ပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေး များဖြင့် ပက်ဖျန်းကာကွယ်ပါ။
ဆွတ်ခူးခြင်း
ရုံးပတီစားသုံးရန် အကောင်းဆုံးအဆင့်မှာ ပန်းပွင့်ပြီး(၆-၇)ရက်သားဖြစ်၍ တစ်ပတ်ကြာလျှင်ဆွတ်ခူးပေးရမည်။နောက် ၂ ရက်ခြားတစ်ကြိမ်ဆွတ်ခူးပါ။ရာသီပူပြင်းက အရင့်မြန်သောကြောင့် နေ့စဉ်ဆွတ်ခူးပေးရန် လိုအပ်ပါသည်။ တစ်ဧကစိုက်ပျိုးပါက ပိဿာ (၁၀၀၀-၃၀၀၀)ထိရရှိပါသည်။
မျိုးစေ့ထုတ်ယူခြင်း
ရုံးပတီမျိုးစေ့ထုတ်စိုက်ခင်းသည် အခြားသောရုံးပတီမျိုးစိုက်ခင်းနှင့်အနည်းဆုံးပေ ၁၀၀၀ ကွာဝေးရပါမည်။ အပင်သန်စွမ်း၍ မျိုးလက္ခဏာမှန်ကန်သည့် ရောဂါကင်းသောပျိုးပင်များကိုရွေးချယ်ရပါမည်။ တစ်ပင်လျှင် အသီး ၁၀-၁၅ တောင့်ခန့်သာချန်ပြီး ထိပ်ညွန့်ပိုင်းကိုဖြတ်ပေးရမည်။ ထိုမျိုးပင်များမှပန်းပွင့်ပြီး ၄၅-၅၀ ရက် အကြာ ရင့်မှည့်သောမျိုးတောင့်များမှ မျိုးစေ့ထုတ်ယူအခြောက်ခံ သန့်စင်ခြင်း ပြုလုပ်ရပါမည်။
အစေ့များတွင် ပိုးပါလာပါက သိုလှောင်ရာတွင် ကျန်အစေ့များကိုပါဖျက်စီးတတ်၍ အစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် ရောမွှေပြီးလေလုံစွာသိမ်းဆည်းပါ။
#end
