ကြာဇံဆီချက်
အလွယ်လုပ်နည်းလေးနဲ့လုပ်စားလိုက်ပါတယ်
အလွယ်နည်းလေးလုပ်ပေမဲ့စားလို့အရမ်းကောင်းပါတယ်ရှင်
ကြာဇံကိုအနေတော်မပျော့မမာလေးဖြစ်အောင်ရေနွေးဖျောထားပါတယ်
ကြက်သွန်ဖြူ ကိုနနွင်းမုန့်မထည့်ပဲဆီချက်လေးချက်ထားပါတယ်
ပြီးရင်အသားလုံးလေးတွေပြုတ်ထားပြီးဆီချက်လေးနဲ့နယ်ထားလိုက်ပါတယ် ကြက်သား ဝက်သားကိုယ်အဆင်ပြေတာသုံးလို့ရပါတယ်
ကြက်သွန်မြိတ်ကိုလည်းပါးပါးလေးတွေလှီးထားပါ
ပွဲပြင်ရန်အတွက် ကြာဇံတပွဲစာလေးထည့် ပါ
ဆီချက်ထမင်းစားဇွန်းနှစ်ဇွန်းထည့်ပါ
ကြက်သားမုန့် လက်ဖက်ရည်ဇွန်းတဇွန်းမောက်မောက်.သကြားလက်ဖက်စားဇွန်းတဇွန်းမောက်မောက် ပဲငံပြာရည်အကြည်ထမင်းစားဇွန်းနှစ်ဇွန်း ငရုပ်ကောင်းအမုန့်လေးအနည်းငယ် အားလုံးသမအောင်ရောနယ်ပြီး အရသာစိတ်ကြိုက်ထပ်မြည်းပါ
ပြီးရင်အသားလုံးလေးတွေထည့် အပေါ်ကဆီချက်အဖတ်လေးတွေနဲ့လှီးထားတဲ့ကြက်သွန်မြိတ်လေးတွေထည့်ပြီးရင် ရပါပြီရှင်
