ကြက်ကင်အရသာဝင်အောင်ကင်နည်း
ကြက်ပေါင် လေးတွေကို ဆား၊ အရသာမှုန့်၊ ၊ ပဲငံပြာရည်အကြည် (အငံ)နဲ့ အနောက််(အချို)၊ငရုတ်ကောင်း မှုန့် ၊ ဂျင်းကြက်သွန်ဖြူ ထောင်းတဲ့အရည်ရယ် ၊ သံပရာရည် အနည်းငယ် ရယ်အားလုံးထည့်နယ်ပြီး ရေခဲသေတ္တာ အောက်ထပ်ထဲ တရက် ကြိုနှပ်ထားပါတယ်။
နောက်တရက်ကျရင်နှပ်ထားတဲ့ ကြက်ပေါင်ကို ရေနွေးငွေ့နဲ့ အဖုံးလုံလုံ ပိတ်ပြီး မိနစ် နှစ်ဆယ်လောက်ပေါင်းပါတယ်။ ပြီးရင် ဆီသုတ်ပြီးနီနီ လေး​ဖြစ် အောင်ကင်ပါတယ်။
ကျမက air fryer နဲ့ ကင်တာပါရှင့်။
ရခါနီးမှ ပျားရည် လေး ကို အပေါ်ကနေ စုတ်တံလေးနဲ့ သုတ်ပေးပါတယ်။
ပျားရည်က စပြီးကင်တည်းက ထည့်ရင် မဲပြီး မလှ လို့ပါရှင့်။

image