2 ပတ် - ဘာသာပြန်ပါ။

Liquid Glass ဒီဇိုင်း အသားပေး iOS 26
OS ဗားရှင်းတွေကို နှစ်နဲ့ ညှိပြီး နာမည်ပြောင်းတာရယ် ၊ UI ကို အကြည်သားဒီဇိုင်း နဲ့ လာတာရယ်က Apple WWDC ပွဲရဲ့ အဓိကပြကွက်တွေပါပဲ။
iOS 26 မှာ Apple အသားယူပြောသွားတာက နောက်ခံထွင်းဖောက်မြင်ပြီး dynamic touch ပိုဖြစ်လာတဲ့ Liquid Glass အကြောင်းပါ။ ၂၀၁၃ ထွက် iOS 7 နောက်ပိုင်း Apple ရဲ့ အကြီးဆုံးဒီဇိုင်းပြောင်းလဲမှုလို့လည်း ပြောပါတယ်။ Lock Screen လည်း Liquid Glass ဒီဇိုင်းနဲ့လာမယ် ၊ wallpapers မှာ 3D effects တွေ ပါမယ်။
Camera App လည်း Liquid Glass ဒီဇိုင်းနဲ့လာမယ်။ UI တွေက ပိုလုံးလာပြီး swipe up လုပ်ပြီး settings ခေါ်နိုင်မယ်။ ဗွီဒီယိုနဲ့ ဓါတ်ပုံ quality options အကုန်လုံး တစ်နေရာတည်း ရှိလာမယ်။ Photos app မှာ Library နဲ့ Collection tabs သီးသန့်ပါမယ်။ Apple Music , News နဲ့ Podcasts တွေက tab bars တွေက app ထဲ ဝင်ကြည့်နေရင် အော်တိုချုံ့ပေးထားမယ်။
Apple ကတော့ Liquid Glass က content ပို အာရုံစိုက်မိစေတဲ့ app experience ရစေမယ် ပြောပါတယ်။ Call Settings အနေနဲ့ဆို ကိုယ်မသိတဲ့ unknown numbers တွေဆီက ဖုန်းဝင်ရင် တစ်ဖက်လူက သူ့နာမည်နဲ့ ဖုန်းခေါ်ရတဲ့အကြောင်းရင်း ပြောမှ ဖုန်းမြည်တဲ့စနစ် ပါလာပါတယ်။ spam call တွေ ကာကွယ်ဖို့ပါ။
နောက်တစ်ခုက Apple Intelligence မှာ ပါခဲ့တဲ့ Live Translation ဘာသာပြန်စနစ်က Messages ၊ ဖုန်းနဲ့ FaceTime app တွေမှာ ထည့်သွင်းလာတာပါ။ FaceTime call တွေဆို အောက်ကနေ ဘာသာပြန်စာတန်းထိုးပေးတော့မှာပါ။ iOS 26 ရဲ့ Visual Intelligence မှာ Google ရဲ့ Circle to Search လို search စနစ်တွေ ပါလာပါတယ်။
Visual Intelligence ရဲ့ search ပုံစံက Circle to Search ထက် နည်းနည်းတော့ ပိုအလုပ်ရှုပ်ပါတယ်။ အရင်ဆုံး screenshot ဖမ်းရမယ်။ SS မှာ Ask tool သစ်နဲ့ Image search လုပ်ခိုင်းတဲ့ ခလုတ်ကို သွားရပါတယ်။ အဲ့ဒီကမှ ကိုယ်ရှာချင်တဲ့ဟာကို highlight လုပ်ပေးရမှာပါ။ ChatGPT နဲ့ ပေါင်းထားတာဖြစ်လို့ ဖိတ်စာတွေ ပွဲတွေထဲက အချက်အလက်တွေကို ဆွဲထုတ်ခိုင်းလို့လည်း ရပါတယ်။
အခုက developers တွေအတွက် iOS 26 beta ထုတ်ထားပြီး နောက်လထဲလာက် public beta ထွက်မှာပါ။ iPhone 11 နဲ့ နောက်ပိုင်းထွက်မော်ဒယ်တွေမှာ တင်နိုင်မှာဖြစ်ပြီး Apple Intelligence features တွေကိုတော့ iPhone 15 Pro နဲ့ နောက်ပိုင်းဖုန်းတွေမှာပဲ ရပါလိမ့်မယ်။

image