The Noto-rious Fin-ster (2024)
အန်နီ ကတော့ လူသတ်ကောင်ရဲ့ ရာဇဝတ်မှုတွေအကြောင်း စာအုပ် ထုတ်ထားသူဖြစ်ပြီး သူရဲ့ လူသတ်မှုတွေနဲ့ပတ်သက်ပြီး စဉ်ဆက်မကွာ ရဲတွေနဲ့ ပူးပေါင်းပါဝင်ကူညီနေသူ တစ်ယောက်ပေါ့။ ဇာတ်လမ်းက လူသတ်သမားကို ရှာဖွေတဲ့နေရာမှာ အသားပေးထားတာမို အားရပါးရ လူသတ်ခန်းတွေတော့ သိပ်မပါပေမယ့် စုံထောက်လုပ်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပါပဲ။ သဲလွန်စတွေ တစ်ခု ပြီး တစ်ခု ရလာတဲ့ နောက်မှာ လူသတ်ကောင်ကို ဖော်ထုတ်နိုင်မလားဆိုတာ ပဟေဠိဆန်စွာနဲ့ ကြည့်ရှူရမှာ ဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာ လုံးဝ မထင်မှတ်ထားလောက်မယ့် လှည့်ကွက်အကြီးကြီး တစ်ခုလည်း ပါနေတာဆိုတော့ ဘာဆက်ဖြစ်သွားလဲ သိချင်စိတ်နဲ့ အဆုံးထိ ကြည့်ချင်မိမှာ အမှန်ပါပဲ။
