2 w - Translate

#breakingnews
Boxing ပရိသတ်တွေ အကုန်လုံး ရင်ခုန်သွားစေမယ့်ပွဲ
************
လက်ဝှေ့ အကျော်မော် Canelo Alvarez နဲ့ ရှုံးပွဲ လုံး မရှိသေးတဲ့ ချန်ပီယံ Terence Crawford တို့ ထိပ်တိုက်တွေ့မယ့်အကြောင်း ဥက္ကဌကြီး ဒေနာဝှိုက်က တရားဝင် ကြေငြာလိုက်ပါပြီ။
ဒီပွဲကို ဆော်ဒီသူဌေး တာကီ က Promote လုပ်ကျင်းပတာ ဖြစ်ပြီး ၊ UFC ဘက်က လုပ်ထုံး လုပ်နည်းတွေကို အားဖြည့်ကူညီပေးသွားမှာပါ။
Canelo Alvarez က 63-2-2 ပွဲ ရလာဒ် ပိုင်ဆိုင်ထားပြီး 39 ပွဲထိ KO ထိုးပြထားသူပါ။
Terence Crawford က 41 ပွဲ ထိုး ၊ ရှုံးပွဲ လုံး၀ မရှိ ၊ 31 ပွဲထိတောင် KO ရလာဒ် ယူပြထားသူ ဖြစ်ပါတယ်။
ဒီဖိုက်တာ နှစ်ယောက်က ဝိတ်တန်းမတူပါဘူး။
ဒါပေမယ့် ဒီပွဲက စူပါ မစ်ဒယ်ဝိတ်တန်း ခေါင်းစဉ်အောက်ကနေ Canelo Alvarez ပိုင်ဆိုင်ထားတဲ့ WBA, WBO, WBC, IBF ချန်ပီယံ ခါးပတ်တွေနဲ့ Ring Magazine ချန်ပီယံ ခါးပတ်တွေကို တင်ပြီး ထိုးမှာ ဖြစ်ပါတယ်။
ပွဲထိုးမယ့်ရက်က စက်တင်ဘာ 13 ရက်နေ့ပါ။
တစ်ကမ္ဘာလုံးကို Netflix ကနေ ထုတ်လွှင့်ပြသ သွားမယ်လို့ သိရပါတယ်။

image