2 w - Translate

ဂန္ဓမာနှင့် သစ္စာပန်း ပြည်ပတင်ပို့ရန် နစကဥက္ကဋ္ဌ တိုက်တွန်း +++++
ပြင်ဦးလွင်မြို့မှာ အောင်မြင်ဖြစ်ထွန်းတဲ့ ဂန္ဓမာနဲ့ သစ္စာပန်းမျိုးတွေကို ပြည်ပကို တင်ပို့ရောင်းချခြင်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်ကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်နေ့ ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဥပမာအနေနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပကို ပန်းမျိုးစုံတင်ပို့ရောင်းချခြင်းမှ ဝင်ငွေများစွာရရှိနေတယ်လို့ ဆိုပါတယ်။
အလားတူ ပြင်ဦးလွင်ဒေသမှ ထွက်ရှိတဲ့ အာရေးဗီးယားကော်ဖီက ကမ္ဘာပေါ်မှာ ဈေးကွက်ဝင် လူကြိုက်များတဲ့ ကော်ဖီအမျိုးအစားဖြစ်လို့ ကော်ဖီထုတ်လုပ်မှုတွေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်ပြီး ပြည်ပကို ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ရမယ်လို့ ဆက်ပြောပါတယ်။

image