2 w - Translate

AI နဲ့ လိမ်မရတဲ့ ဇီဝမှတ်ပုံတင်ထုတ်မယ့် OpenAI CEO ရဲ့ နည်းပညာ
ဒီနှစ်ထဲ OpenAI CEO က တော်တော်ထူးခြားတဲ့ ပရောဂျက်တစ်ခု စတင်ခဲ့ပါတယ်။
အဲ့ဒါက Deepfake AI နည်းပညာသုံးပြီး အသံနဲ့ ရုပ်အတုလုပ်ပြီး လိမ်မရအောင် ဇီဝ ID စစ်တဲ့ နည်းပညာပါ။ မျက်စိကို စကင်နဲ့ blockchain သုံးပြီး တစ်ကမ္ဘာလုံးက လူတွေကို မှတ်ပုံတင်ရိုက်ပေးဖို့လို့ ပြောနိုင်ပါတယ်။ ဒီပရောဂျက်ကို World လို့ ခေါ်ပြီး ၂၀၁၉ ကတည်းက Worldcoin နာမည်နဲ့ ထောင်ခဲ့တာပါ။
သူ့အလုပ်လုပ်ပုံကို ပြောရမယ်ဆိုရင် ဇီဝ ID ထုတ်ချင်သူက Orb လို့ ခေါ်တဲ့ စက်လုံးပုံ Biometric Device မှာ မျက်လုံးမျက်နှာ စက္ကန့် ၃၀ ကြာ စကင်ဖတ်ရမှာပါ။ ပြီးရင် ကိုယ်က လူသားစစ်စစ်ဖြစ်ကြောင်း အတည်ပြုမယ့် IrisCode ထွက်လာပါမယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတွေတုန်းက World မှာ IrisCode ထုတ်ရင် World WLD token တွေ free ပေးခဲ့တာ ရှိပါတယ်။ အမေရိကန်မှာဆို Orb မျက်စိစကင်နဲ့ ဇီဝမှတ်ပုံတင်မယ့်နေရာ ၆ နေရာ ရှိသလို အခုလည်း ယူကေက လန်ဒန် ၊ မန်ချက်စတာ ၊ ဘာမင်ဂမ် ၊ ကာဒစ်ဖ် ၊ ဘဲလ်ဖတ်စ် နဲ့ ဂလက်စကိုလို မြို့ကြီးတွေလည်း ရောက်လာနေပါပြီ။
Orbs ရဲ့ နောက်ဆုံးဗားရှင်းက Nvidia ထုတ် Jetson processor နဲ့ လာပါတယ်။ ဒီနှစ်ကုန်လောက်ဆို အမေရိကန်မှာ Orb ပေါင်း ၇၅၀၀ တပ်ဆင်နိုင်ဖို့လည်း World က စီစဉ်ထားတာပါ။ အခုထိတော့ World မှာ မှတ်ပုံတင်အတည်ပြုထားသူ ၁၃ သန်း ရှိပါတယ်။
အော့တမန်ရဲ့ World က ဘာလို့ ထူးခြားတဲ့ပရောဂျက်လဲဆိုရင် Visa နဲ့ Match Group တို့လို ကမ္ဘာ့ထိပ်တန်း venture ကြီးတွေနဲ့ လက်တွဲထားလို့ပါ။ Visa ကလည်း World နဲ့ Iris scan လုပ်ထားတဲ့သူတွေအတွက် World Visa Card ဆိုပြီး ထုတ်တော့မှာ ဖြစ်သလို လက်တွဲဖော်ရှာပေးတဲ့ Match Group ကလည်း World ID ကို စမ်းသုံးနေပြီမလို့ပါ။
နောက်ဆို ကမ္ဘာ့မြို့ကြီးတွေက Shopping Mall ကြီးတွေ ၊ ATM တွေမှာ Orb စက်တွေ ထားလာနိုင်သလို အင်တာနက်ပလက်ဖောင်းတွေမှာလည်း World ID ကို ဒီဂျစ်တယ်ပတ်စပို့တစ်ခုလို အသုံးတွင်လာနိုင်ပါတယ်။

image