2 w - Translate

Francis Ngannou က UFC အဖွဲ့အစည်းကို ပြန်လာချင်ပုံပေါ်တယ်။ နည်းပြချုပ် Eric Nicksick ကလည်း UFC Return ကို နှပ်ကြောင်းပေးနေတယ်။ Dana White က ပြန်ခေါ်ချင်ပါ့မလား။ Jon Jones ကလည်း အချိန်သိပ်မကျန်တော့လို့ Francis Ngannou ကို စဉ်းစားပေးလောက်တယ်။
"အတိတ်ကဖြစ်ရပ်တွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ Dana White က အတ္တရှေ့တန်းမတင်ဘဲ UFC အဖွဲ့အစည်းကို အကောင်းဆုံးဖြစ်စေချင်တဲ့ စီးပွားရေးသမားလို့ မြင်ပါတယ်"
စာချုပ်သက်တမ်းပြည့်တော့ Dana White က Francis Ngannou ကို လက်မလွှတ်ချင်ဘူး။ ထိုးကြေး ဒေါ်လာ (၈) သန်းပေးပြီး ကမ်းလှမ်းတယ်တဲ့။ Francis Ngannou က စာချုပ်သစ်ကို လက်မခံဘဲ ထွက်သွားတယ်။ Dana White က နည်းနည်းအောင့်သွားလောက်တယ်။ ဟဲဗီးဝိတ်ချန်ပီယံက ထွက်သွားတာမလား။ ဒါမျိုးကို BJ Penn လည်း လုပ်ခဲ့ဖူးတယ်။
Francis Ngannou က PFL အဖွဲ့အစည်းကို ရောက်သွားတယ်။ ဟိုကလည်း မက်လောက်စရာပေးထားတယ်။ ဒီကြားထဲမှာ ဘောက်ဆင်ထိုးခွင့်ရှိတာမို့ ငွေရွှင်တာပေါ့လေ။ အခုကျမှ UFC အဖွဲ့အစည်းကို ပြန်လာချင်တယ်ပြောတော့ Dana White က ပြန်လက်ခံပါ့မလား။ Francis Ngannou ပြန်လာရင် ဟဲဗီးဝိတ်တန်းက အရင်ထက် ကြမ်းလာမှာပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

image