2 w - Translate

Dra-cula Unt-old (2014)

ဘဝမှာ မလွဲမသာတဲ့ အခြေအနေတစ်ခုကို ရောက်လာတိုင်း လုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီး လုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ။တကယ်လို အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံး မဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာ ဖြစ်နေရင်ကော သင်ဘာကို ရွေးချယ်မလဲ။ အရေးကြီးတဲ့အရာကို လုပ်ဖို အဆုံးဝါးဆုံးအရာကို ရွေးချယ်မလား။ ဒါမှမဟုတ် ပုံမှန် သဘာဝအတိုင်းပဲ ရင်ဆိုင်ဖို ကြိုးစားမလား။ ဒီဇာတ်လမ်းကို ကြည့်ရအောင်ပါ။ ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dra-cula ဆိုတဲ့ ဝတ္ထုကို အခြေခံပြီးတော့ ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ မင်းသား Vl-ad ဟာ တူရကီနိုင်ငံရဲ့ လက်အောက်ခံ ဘုရင်ဖြစ်လာပါတယ်။ တကယ်လိုသာ လူသားရဲ့ သွေးကို သောက်မိရင်တော့ သူတစ်သက်လုံး Dra-cula အဖြစ်နဲ့ ရှင်သန်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ Vl-ad တစ်ယောက် ဘာတွေ ဖြစ်လာနိုင်မလဲ။ အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူ ရင်ဆိုင်နိုင်မလား။ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ဖြစ်နေပြီဖြစ်တဲ့ Vl-ad ဟာ လူသွေးမသောက်ပဲ တကယ်ကော နေနိုင်မှာလား။

image