ကံ့ကော်ပင်ကြီးက မြေမှာပေါက်နေခြင်း မဟုတ်။
ရေတွင်းပျက်ကြီးထဲက ထိုးထွက်နေခြင်းဖြစ်၏။ ကံ့ကော်ပွင့်က တစ်ပွင့်တည်းသာ ကျန်တော့သည်။ အနားကပ်သွားပြီး ခူးမယ်လုပ်တော့
ကတ်ပြားလေးတစ်ခု ချိတ်ဆွဲထားတာ
တွေ့ရသည်။
'ပိုင်ရှင်ရှိသည် .. မခူးရ'
သူစိတ်ပျက်ပြီး ပြန်အလှည့်တွင် သူ့ရှေ့မှာ တစ်စုံတစ်ယောက်က ရပ်စောင့်နေသည်။
ထိုသူ၏ မျက်နှာရှေ့မှာ ရေခိုးရေငွေ့တွေလို
အရာများက ကာရံထားသဖြင့်
ရှင်းရှင်းလင်းလင်းမမြင်ရ။ ထိုသူက -
"နင့်ဆန္ဒအတိုင်း ငါ့မျက်နှာကို
ဘယ်တော့မှ မမြင်မတွေ့စေရဘူးလို့
ကတိပေးခဲ့တာကို ယုံပြီ မဟုတ်လားဟင်" ဟု ပြောသည်။ မျက်နှာကို မမြင်ရပေမယ့်
အသံကိုတော့ ကြားရတာပဲ။ သည်အသံကို
မှတ်မိသည်။ ထိုသူက -
"နင့်ကို ငါ ပန်းပေးပါတယ်" ဆိုပြီး
ကံ့ကော်တစ်ပွင့် လှမ်းပေးသည်။
သူ့လက်ထဲက ကံ့ကော်ပွင့်သည် အဖြူရောင်မဟုတ်။ အနီရောင်။ ရဲရဲနီနေသော ပန်းတစ်ပွင့်။
ကံ့ကော်နီ 🌺 ...
