သူများတို့ အိမ်ထောင်ကျပြီး
မတော်တဆ သူများ သေသွားရင်
သူ နောက်မိန်းမ မယူရဘူးနော်။
မနေပါဘူး။ သူ ယူမယ့် လူကြီးပါ ။
နောက် မိန်းမယူရင်
သူများ ဟိုဘဝကနေ ပြုစားမှာပဲ”
လေးလေးပင်ပင်ကြီး ပြောနေသည်။
ကျွန်တော်လည်း မရယ်နိုင်တော့ပေ။
ကျွန်တော်သည် သူ့လက်ကို
ခပ်ဖွဖွ ဆုပ်ကိုင်ထားနေမိသည်။
မင်းသေရင်
ကိုယ်လည်း လိုက်သေမှာပဲ ထင်တယ်။
အခု မင်းပြော သွားတဲ့ စကားတွေကြောင့်
ရင်ကွဲနာနဲ့ သေမယ်ထင်တယ်။
လွန်းကြင်ငှက် တွေလိုပေါ့။
တစ်ကောင်သေရင်
ကျန်တဲ့တစ်ကောင်ပါ လိုက်သေမှာလေ . .
• • •
တရွေ့ရွေ့ထွက်ခွာနေတဲ့ ရထားကြီးပေါ်က
စီးနင်းလိုက်ပါသူတစ်ယောက်ချင်းစီရဲ့
ကြေကွဲဖွယ် ဘဝဇာတ်ကြောင်းတွေဟာ
တစိမ့်စိမ့်တွေးလေလေ
တမြေ့မြေ့နာကျင်နေရမဲ့ စာအုပ်တစ်အုပ်ပါပဲ ။
