2 ပတ် - ဘာသာပြန်ပါ။

❛ ချစ်တဲ့လာနာ ❜
ကိုယ့်အနာက ပြည်ပုပ်ကို ဖောက်ထုတ်လို့
ကိုယ်တိုင် ပြန်သောက်သုံးရတာမျိုးပါ
အကောင်းဆုံးတွေ မပေးနိုင်တော့တဲ့အခါ
ဘာတစ်ခုမှမပေးတော့ဘဲ
လှည့်ပြန်လာခဲ့ချင်တာဟာ
ငါ့ ချစ်ခြင်းမေတ္တာပါပဲ။
• • •
❛ ချစ်တဲ့ လာနာ ❜
ကိုယ်က ဘယ်လိုချစ်တာပါဆိုတဲ့အကြောင်း ကြိယာဝိသေသန အထောင်အသောင်းနဲ့
မင်းကို ပြောပြတယ်
မင်းကလွဲရင်
အားလုံးက နှစ်သက်ယုံကြည်ကြပေါ့
ရယ်စရာပါပဲ
ကိုယ် ငိုနေမိတယ်။
× × × × ×
▪️ဆစ်ခ်

image